Part 10

7.7K 773 57
                                    

" အ.. အ  အားး~ * tsk *  "

တောက် !!! Park Chanyeol  ခွေးကောင် !!  ခွေးစိတ်ပေါက်ရင် တခြားဟာ ကိုက်တာမဟုတ်ဘူး !!!!

နီရဲဖူးယောင် နေသော အောက်နှုတ်ခမ်းပါးက ထိလိုက်သည်နှင့် မခံမရပ်နိုင်အောင် နာကျင်လွန်းလှသည်...
ခန္ဓာကိုယ် တစ်ခုလုံးလည်း တဆစ်ဆစ်နဲ့ ...

အဲ့ဒါ ဟိုကောင့်ကြောင့် !!!!

သွားတိုက် မျက်နှာသစ်ရတာတောင် ခပ်ဖွဖွလေးလုပ်နေရတယ် ..

တော်တော် ဒုက္ခပေးတဲ့ကောင် !!!

* Ring *

ဖုန်းမြည်သံကြားတာနဲ့ မျက်နှာသစ်လက်စ အမြန်လုပ်ပြီး ရေချိုးခန်းထဲက ထွက်လာခဲ့တော့

" ရေချိုးနေတယ်... နောက်မှ ပြန်ဆက်လိုက်ပါ .. "

Park Chanyeol !!
သူ ဘယ်လိုလုပ် အခန်းထဲရောက်နေရတာလဲ ??

အတွေးစတို့က သူ့လက်ထဲက ကျွန်တော့ဖုန်းမြင်လိုက်ရတဲ့အခါမှာ လွင့်ထွက်သွားပြီး အမြန် ဖုန်းကို ယူလိုက်ရသည်..

" ဘာ.. ဘာလို့ ငါ့ဖုန်းကို ကိုင်ရတာလဲ ? !!!! "

Call log လေးဝင်ကြည့်လိုက်တော့ နောက်ဆုံး ခေါ်ထားတဲ့ contact name လေး Jong Dae ဆိုတာမြင်လိုက်ရသည်နဲ့ ခေါင်းကို မိုးကြိုး ၁၀စင်း ပစ်ချသွားသလို !!!

သေပြီ  ... Jong Dae နဲ့ သူနဲ့ တည့်တည့်တိုးသွားပြီ ...

" မင်းမှမရှိတာ .. မြည်နေတာနဲ့ ကိုင်လိုက်တာ .. ဒါနဲ့ ငါ့ကို အဲ့လောက်အော်ငေါက် ဒေါသထွက်စရာလိုလို့လား ?  .. "

သတ်တောင် ပစ်ချင်တာ !!!
Kim Jong Dae စပ်စုတော့မယ် ..
ဒါကို  ဘယ်လိုဖြေရှင်းရမှာလဲ ??

" ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ မကိုင်နဲ့ !! ငါမကြိုက်ဘူး .. "

" ဟင်းး  ဟုတ်ပါပြီ.. ဒါနဲ့ မင်းအဆင်ပြေရဲ့လား ? စားပွဲပေါ်မှာ မင်းဖို့ မနက်စာနဲ့ ဆေးတင်ထားတယ် 
စားပြီး သောက်လိုက်ပေါ့ ... "

ငါနော် !!!!!!
မင်းကို သတ်ပစ်ချင်တယ် Park Chanyeol!!!!

သူပြောတဲ့အတိုင်း မနက်စာ စားပြီး သူထားခဲ့တဲ့ ဆေးခဲလေးတွေ သောက်လိုက်သည်...

Curious Fate 💥Where stories live. Discover now