အလုပ်လုပ်နေတုန်း လုံခြုံရေးခန်းဆီက ဧည့်သည်ရောက်နေတယ် ဆိုတာနဲ့ ပစ်ထားခဲ့ပြီး ခပ်သွက်သွက် ဆင်းလာခဲ့ရတယ်...
ဧည့်သည် ??
ဘယ်သူပါလိမ့် ??" Baek Hyun na !!!!!!!! "
Kim Jong Dae ???
"အင့် ! "
ဘယ်ကနေ ဘယ်လိုရောက်လာမှန်း မသိတဲ့ Kim Jong Dae တစ်ယောက် ပြေးချလာပြီး လာဖက်လိုက်တော့ ...
သူပြေးလာတဲ့အရှိန်နဲ့ ကြံ့ခိုင်လွန်းတဲ့ ကျွန်တော့ခန္ဓာကိုယ်နဲ့ ဆုံတဲ့အချိန်...
နောက်ပြန် ထိုင်ကျသွားသည်..." အ !!! "
အပေါ်မှာ တက်ဖိထားတဲ့ ကောင်က အမြန်မထပဲ
" Baek Hyun na... မတွေ့ရတာကြာလို့ မင်းတောင် တော်တော်ချစ်ဖို့ကောင်းလာတယ် "
အရေးထဲ လာချီးမွမ်းနေတယ်
" အပေါ်ကနေ အရင်ဖယ်စမ်းပါကွာ !! "
အော်ရင်း တွန်းထုတ်တော့မှ အူကြောင်ကြောင်နဲ့ ထသွားတယ် ..
မတ်တပ်ရပ်လိုက်တယ်ဆိုရင်ပဲ ဆစ်ခနဲဖြစ်သွားသည့် ခါးရယ် မြီးညောင့်ရိုးလေးရယ် ကျွတ် ကျွတ်...." Miyan Miyan ..မင်းကို တွေ့လိုက်တော့ အရမ်းဝမ်းသာသွားတာနဲ့ ပြေးဖက်မိတာ "
အနည်းငယ်ဆူဆူညံညံ ဖြစ်သွားသည့် ကျွန်တော်တို့ အဖြစ်ကို ဝန်ထမ်းအချို့ ဝိုင်းကြည့်နေတာမြင်တော့ ရှက်မိသည်..
" ဖက်ရင်လည်း ဖြေးဖြေးသက်သာပေါ့ကွာ .. အခု လူတွေဝိုင်းကြည့်ကုန်ပြီ!! "
ဒေါသတို့ကို မြိုသိပ်ရင်း အံကြိတ်ကာ ပြောလိုက်တော့ စပ်ဖြဲဖြဲနဲ့ ပြုံးပြီး
" အေးပါကွာ တောင်းပန်ပါတယ်.. "
Company အပြင်ဖက်က ခုံတန်းလေး ဆီခေါ်လာခဲ့ပြီး...
ပူနွေးနွေး coffee ခွက်ကလေးကို ကမ်းကာ ပေးလိုက်တော့ Jong Dae က နှစ်လိုဖွယ်ပြုံးပြလေတယ်...
တကယ်ကို မတွေ့တာအတော်ပင် ကြာခဲ့ပြီ...
နိုင်ငံခြားအလုပ်လုပ်ဖို့ ထွက်သွားတဲ့သူက ဟိုမှာ အခြေကျနေပြီထင်ခဲ့တာ ..." Korea ကို ဘာလို့ပြန်လာတာလဲ ? မင်း ဟိုမှာ အဆင်ပြေနေတယ်မဟုတ်လား ? "
YOU ARE READING
Curious Fate 💥
FanfictionEverything , concerning with him is curious !!! ?? My Fate start again with Park Chanyeol ?, that crazy dude!! ??? Crd to owner for coverphoto ?