" ဒီအပုဒ်က equation သုံးတွက်ရမှာဟ .. လွယ်တယ် ဒီမှာကြည့် ငါတွက်ပြမယ် .. "
ကျောင်းပြောင်းလာတဲ့ ကျောင်းသူ အသစ် Gu Mi နဲ့ ကျွန်တော်ဟာ အချိန်ခဏလေးအတွင်းမှာ တော်တော် ရင်းနှီးသွားကြတယ်..
သူမက သွက်လက်ပြီး ဆက်ဆံရေး ပြေပြစ်တာကြောင့် ကျွန်တော်နဲ့ ပေါင်းလို့ ရတာဖြစ်လိမ့်မယ်..
အခုချိန်ထိ အတန်းထဲမှာ ကျွန်တော်နဲ့ ခင်တာဆိုလို့ Jong Dae တစ်ယောက်ပဲ ရှိသေးတာ..
အခု သူမနဲ့ဆို ၂ယောက်ရှိပြီပေါ့. .*ဝုန်း ဝုန်း ဒုန်း *
အရှိန်ပြင်းစွာ အခန်းဝင်ပြေးဝင်လာသည့် ကျောင်းသူတစ်ယောက်ကြောင့် ဆူညံနေသည့် တစ်တန်းလုံး တိတ်ဆိတ်သွားပြီး ကျွန်တော်အပါအဝင် အားလုံး ဝိုင်းကြည့်မိကြသည်..
" Chan... Chanyeol .. က သူ့ဆီ..
.. သူ့ဆီကို အမြဲတမ်း ချောကလက်ပို့နေတဲ့သူကို ..ဟောဟဲ 😣.. အားကစားခန်းမ ထဲမှာစောင့်နေတယ်တဲ့ .. ဒီနေ့ သူရှေ့မှာ ကိုယ်တိုင် ချောကလက် လာပေးရင် ချက်ခြင်းလက်ခံပြီး တွဲမယ်တဲ့ !!!.. 😭😭 "" Bor !!!!!! Jinja !!!!! Omoo"
ကျောင်းသူတွေရဲ့ မချိတင်ကဲ အော်သံတွေနဲ့ ဆူညံပွက်လောရိုက်သွားသည့် အတန်းထဲ ကျောက်ရုပ်ကြီး တစ်ရုပ်လို ငြိမ်နေမိသည်က ကျွန်တော် ...
" Baek Hyun na.. Chanyeol ဆိုတာ Class Aက Park Chanyeol လား ? Baek Hyun ~~..yarr Baek Hyun !! "
" Hmm?? 😯.. Onn Gu Mi na.. ငါ ခဏ အပြင် သွားလိုက်ဦးမယ် .. ခဏ.. "
" Baek Hyun !! Yarr... "
Gu Mi ရဲ့ အော်သံကို ဥပေက္ခာပြုရင်း လွတ်လွတ်လပ်လပ် နေလို့ရနိုင်မယ့်နေရာဆီ တဟုန်ထိုး ပြေးလာခဲ့သည်..
တဖြည်းဖြည်း ဝိုးဝါးလာသည့် မြင်ကွင်းတို့နဲ့အတူ ပါးပြင်ပေါ်စီးကျလာသည့် ပူနွေးမှုတို့ကြောင့် လက်ဖဝါးနဲ့ ထိတွေ့လိုက်တော့ မျက်ရည်တွေ..
အိမ်သာထဲ အမြန်ဝင်ရင်း အခန်းလွတ်ထဲ ဝင်ထိုင်နေမိသည်..
Chanyeol သူ.. သူက လက်ခံမယ်တဲ့လား ??
အဲ့ဒီ ချောကလက် ပိုင်ရှင် ကျွန်တော့ကို လက်ခံမယ်တဲ့လား ??တုန်ရီလာသည့် နှုတ်ခမ်းပါးတို့ကို ဖိကိုက်ရင်းအသံမထွက်အောင် ပိုလို့ပင် ငိုကြွေးမိသည်..
YOU ARE READING
Curious Fate 💥
FanfictionEverything , concerning with him is curious !!! ?? My Fate start again with Park Chanyeol ?, that crazy dude!! ??? Crd to owner for coverphoto ?