☆ Part 25 ☆

6K 733 37
                                    

သီချင်းအေးအေးလေး ပျံ့လွင့်နေသည့် coffee ဆိုင်လေးရဲ့ ထောင့်ချိုးတစ်နေရာစားပွဲတစ်ခုမှာ Gu Mi နဲ့ Baek Hyun တို့ နှစ်ယောက် အတူရှိနေကြသည်...

ကိုယ်စီ စားပွဲပေါ်က coffee ခွက်တွေကို ငေးကြည့်ပြီး တိတ်ဆိတ် နေကြသည်....

" ဘယ်တုန်းကတည်းကလဲ ? ~~ "

" လွန်ခဲ့တဲ့ ၂လလောက်က ... "

တစ်ဖန် သီချင်းသံက နှစ်ယောက်ကြား ကြီးစိုးသွားပြန်သည်....

"  ငါထင်ခဲ့တာ နင် Chanyeol ကို အရမ်းမုန်းနေတယ်လို့ ... ဒါကြောင့် ငါနဲ့လက်ထပ်မယ့်သူ နာမည်ပြောရင် နင်ငါ့ကို ဆူပူမယ်လို့ ထင်ခဲ့တာ ..
နင် သူ့ကို စိတ်မဝင်စားခဲ့ပါဘူး ဟုတ်တယ်မလား Baek Hyun "

" နင်မှတ်မိသေးလား ? ငါတို့ အလယ်တန်း ပထမနှစ်တုန်းက... "

သူမ ကျွန်တော့ကို ငေးကြည့်ရင်း နှုတ်ဖျားက ထွက်လာမည့် စကားတို့ကို စောင့်ဆိုင်းနေပုံ ရသည်မလို့ စကားဆက်လိုက်သည်..

" နင်ခေါင်းတွေရှုပ်ပြီး စာလုပ်လို့မရ တဲ့အချိန်တုန်းက နင့်ကို ငါ ချောကလက် လေးပေးခဲ့တယ်...
နင်ပြောခဲ့ပါသေးတယ် Chanyeollie ကိုနေ့တိုင်းပို့ပေး နေကျ ချောကလက်လေးနဲ့ ဆင်တူတယ်လို့လေ .... သူ့ဆီကို ချောကလက်လေးတွေပို့ပေးတဲ့သူက ငါပဲ ... "

" ဟင် ? "

အံ့ဩဆွံအသွားသည့် သူမ အမူအရာ ကို တစ်ချက်ကြည့်ပြီး ကျန်သေးသည့် စကားအချို့ကို ဆက်လိုက်သည်...

" ငါ အဲ့အချိန်ကတည်းက Chanyeollie ကိုသဘောကျခဲ့တာ..
ယောကျာ်းတစ်ယောက်က တခြား ယောကျာ်းတစ်ယောက် ကို ချစ်မြတ်နိုးတာ မဖြစ်သင့်မှန်းသိ ပေမယ့် ငါသူ့ကို ရူးရူးမိုက်မိုက် ချစ်ခဲ့တယ် ... "

" ဘာလို့လဲ ? အဲ့အချိန်ကတည်းကဆို နင် ဘာလို့ ငါ့ကို ဖုံးကွယ်ခဲ့ရတာလဲ ? !! "

" နင်က ငါ့အခင်ဆုံး သူငယ်ချင်း.. ပြီးတော့ နင်လည်း သူ့ကို သဘောကျခဲ့တာပဲလေ..  နင်ပျော်နေခဲ့တာကို .. ငါ ဘယ်လိုလုပ် ဖျက်ဆီးရက်မှာလဲ ? "

" နင် အရူးပဲ !!! ငါ့မှာတော့ နင့်ကို ယုံကြည်ခဲ့ပြီး အကုန်လုံး နင့်ကို ရင်ဖွင့်တိုင်ပင်ခဲ့တာ .. နင်ကတော့ !!
နင် ငါ့ကို လှောင်ရယ်ခဲ့တယ်မလား ?
ဟာသတစ်ခုလို ငါ့ကွယ်ရာမှာ အားပါးတရ လှောင်ရယ်ခဲ့တယ်မလား ?? !!! "

Curious Fate 💥Where stories live. Discover now