[ Unicode ]
At the Edge of the Earth
Pt.01
တိမ်စိုင်တွေကင်း၍ ကြည်လင်သော ကောင်းကင်ပြင်ကြီးနှင့် သာယာနေသော မနက်ခင်းလေးတစ်ခု။
"လာပြီလား။ လာ အတန်းထဲသွားကြရအောင်"
"အင်း။ နင်လာတာစောသားပဲ"
ကျောင်းဝင်းကြီးထဲ၌ ရယ်မောသံ ၊ စကားပြောသံများဖြင့် စိုပြေနေသည်။
ကျောင်းကြီးသည် အထက်တန်းလွှာမိသားစုများသာတက်ကြသည့်ကျောင်းမို့ကြီးကျယ်ခန်းနားလှ၏။ ကျောင်းဝင်းထဲတွင် နောက်ဆုံးပေါ်ကားအသီးသီးဖြင့်အပြိုင်အဆိုင်ဝင်လာကြသော ကျောင်းသား ကျောင်းသူများနှင့် ထိုကျောင်းဝင်းကြီးကရှုတ်ရှုက်ခတ်လှ၏။
သန့်ရှင်းသပ်ရပ်သောလျှောက်လမ်းများနှင့် အဆင့်အတန်းမြင့်မားလှသောအဆောက်အဦးဒီဇိုင်းများ ၊
ခေတ်မှီသည့် ကျောင်းစာကြည့်တိုက်ဆောင် ၊ ကျယ်ပြောလှသည့် အားကစားကွင်းများနှင့် ကျောင်းကြီး၏အလယ်တွင် ကြီးမားသည့်ဆင်စွယ်ရောင်ရေပန်းစင်ကြီးကလည်းကျောင်းရဲ့ဂုဏ်ကိုပိုပြီးမြှင့်တင်ပေးဟန်မှာရှိသည်။
ကမ္ဘာ့ထိပ်တန်းဝင်ကုမ္မဏီပိုင်ရှင်၏သားသမီးများ၊ ရှေ့နေ တရားသူကြီးများရဲ့သားသမီးများ၊ ဆိုင်ရာဆိုင်ရာ ရာထူးကြီးများ၏သားသမီးများသာ တက်ရောက်ကြသောအထက်တန်းလွှာကျောင်းတစ်ခုလို့ပင်ဆိုရမည်ပေါ့။
ကျောင်းအဆောင်ရှေ့ထိကိုယ်ပိုင်ကားလေးပေါ်ကနေဆင်းလာ .. ကားသမားအဆင်သင့်သယ်ယူပေးထားသည့်လွယ်အိတ်ကိုခပ်ကျော့ကျော့ယူပြီး ကျောင်းကိုလာကြသည့် ထိုကျောင်းသား ကျောင်းသူတွေမှဘဝင်မမြင့်ကြရင်မည်သူကဘဝင်မြင့်ကြဦးမည်နည်း။
အရည်အချင်းလည်းရှိကြသလို သူ့မိသားစု ကိုယ့်မိသားစု ဟူ၍အချင်းချင်းဂုဏ်ပြိုင်ဆိုင်နေကြသောသူများပင်။*တီ .. တီ *
ကားဟွန်းတီးသံ၂ချက်နဲ့အတူ ကျောင်းဝင်းထဲသို့မောင်းနှင်ဝင်လာသော ပြိုင်ကားပန်းရောင်တစ်စီးကြောင့် ပုံမှန်သွားလာနေသည့်ကျောင်းသူကျောင်းသားအချို့မှာ စိတ်ဝင်စားမှုအပြည့်ဖြင့်အနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်လာချေပြီ။
YOU ARE READING
At the Edge of the Earth [ Complete]
Fanfiction[Unicode X Zawgyi] [ Unicode ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin :::::::::::::: [ Zawgyi ] အတ္တကြီးသလောက် မင်းကို ဆတိုး ချစ်တာမို့ ငါ့ကို အတ္တဆက်ကြီးခွင့်ပေးပါ အချစ် #Namjin