(Zawgyi)
"ဟမ်''တအံ့တသြဖြင့်ယမုံရေရွတ်သည်
သေချာပါသည် ယမုံ ကျွန်တော့်ကိုအထင်သေးသွားပြီ။
ယမုံခဏမျှငြိမ်သွားပြီး ကျွန်တော့ကိုကြည့်ရင်းမေးသည်။"ဒါဆိုယောက်ျားလေး တစ်ယောက်လား''
"အင်း''ဒီတစ်ခုသာကျွန်တော်ဖြေနိုင်သည် ဘာမှလဲဆက်ပြောချင်စိတ်မရှိတော့။"ဝသုန်.....ငါလေ ကျောင်းမှာနင့်ကို
စနေကြတဲ့ အသံကြားတာနဲ့ အဲ့ကောင်တွေကို ငါပြသနာရှာပစ်တာ နင့်ကိုအဲ့လို
ိုပြောနေကြရင် ငါလုံးဝသည်းမခံနိုင်ဘူး
နင်အခုလိုဖြစ်လိမ့်မယ်လို့လဲ ငါတကယ်ထင်မထားဘူး''အမြဲကျယ်လောင်နေ
တတ်သောယမုံ့အသံက အခုမူ တိုးဖွဖွ ဖြစ်နေသည်။"အဟက် ခုတော့ နင်သိလိုက်ရတော့ သိပ်စိတ်ပျက်သွားပြီမလား?''
".....''
"ငါလဲ အဲ့လိုဘယ်ဖြစ်ချင်မှာလဲယမုံ
ငါ့ကိုယ်ငါသိပ်မုန်းနေတယ် နင်တောင်ခုလိုဖြစ်သွားတာ တခြားလူတွေသိသွားရင် ငါ့ကိုဘယ်လိုအကြည့်တွေနဲ့ကြည့်ကြမှာလဲ ပြီးတော့ Daddy သိသွားရင်ရော...?"တစ်နေ့တစ်နေ့ အဲ့မေးခွန်းတွေကို ကိုယ့်ဘာသာထုတ်နေရင်း ငါရူးမတတ်ပါပဲဟာ''ကျွန်တော်ခေါင်းကိုငုံ့ထားရင်းပြောမိသည်။
ထိုစဉ် ကျွန်တော့်ပုခုံးကိုခပ်ဖွဖွ
ဆုတ်ကိုင်ရင်းယမုံပြောသည် ''ဝသုန်
နင်ကငါ့ရဲ့တစ်ဦးတည်းသောမောင်လေးပါ ငာနင့်ကိုအခုလိုမဖြစ်စေချင်ပေမယ့် ဖြစ်လာရင်လဲ ဘာလို့လက်မခံပေးနိုင်ရမှာလဲ တစ်ခြားသူတွေဘယ်လိုမြင်မြင်နင်က ငါ့မောင် ဝသုန်ကဝသုန်ပဲလေ ဘာမှ ခြားနားမသွားဘူး''အဲ့တော့မှ ယမုံကိုကျွန်တော်မော့ကြည့်ရဲသည်။ အမြဲကလေးဆန်တတ်သောယမုံက တစ်ခါတစ်လေကျခုလိုမျိုးရင့်ကျက်နေတတ်ပြန်သည်။ မေမေ့လိုလေ။
ကျွန်တော့မျက်လုံးတွေအနဲငယ်အရောင်တောက်လာတာကို ယမုံမြင်တော့ ကျွန်တော့ကိုပြုံးပြရင်းဆက်မေးသည်။
YOU ARE READING
Complicated
RomansaWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)