(Zawgyi)
'လင်းနေ'
ဥဂ္ဂါအတိတ်ရှိ ရှားရှားပါးပါး သူငယ်ချင်းကောင်းတစ်ယောက်ဟုပြောလျှင်လွန်လောက်မည်မထင်....။
လွိုင်လင်မှ ဥဂ္ဂါထွက်ပြေးကာ ဝသုန်တို့မိသားစုထံတွင် ရက်ပိုင်းမျှ နားခိုခွင့်ရခဲ့သည်။
ထို့နောက်တွင်တော့ ဝသုန့်daddyဦးမိုး
မြင့်လိုက်ပို့ခဲ့သော
'မေတ္တာမွန်'ဟု အမည်ရသည့် လူငယ်စောင့်ရှောက်ရေးဂေဟာသို့ ဥဂ္ဂါသွား
ရောက်ဖြစ်ခဲ့သည်။"သားသားနာမည်က ဘယ်လိုခေါ်လဲ''
"ဥဂ္ဂါ''
မသိသူတိုင်းက ဥဂ္ဂါနာမည်အား
''ဥက္ကာ''ဟုပင် စာလုံးပေါင်းကြသည်မို့ ထိုဆရာမကလည်း မှားယွင်း၍
ထိုသို့ပင်ရေးမှတ်လိုက်ကြသည်။
ဆရာမ မှားရေးလိုက်သည်ကို သိသော်လည်း စကားပြောချင်စိတ်မရှိတော့
သည်မို့ ဥဂ္ဂါအထွန့်တပ်မနေတော့။မေမေကတော့ ဥဂ္ဂါနာမည်နှင့်ပတ်သက်၍ ခဏခဏပြောပြဖူးခဲ့သည်။
"ဥဂ္ဂါဆိုတဲ့ နာမည်က တကယ်တော့
ရှေးခေတ်နာမည်ကြီး မိဖုရားခေါင်ကြီး
တစ်ပါးရဲ့ သိပ်ထက်မြက်တဲ့အကိုတော်ရဲ့နာမည်သိလား သားသား....
ဒီခေတ်မှာ သိပ်ကိုရှားတဲ့နာမည်လေးမို့ သားသားက တန်ဖိုးထားရမယ်နော်
ကိုယ့်နာမည်ပျက်စေမယ့် ကိစ္စမျိုးတွေ ဘာမှ မလုပ်ရဘူး ဟုတ်ပြီလား''ထိုဆရာမအားရှင်းပြနေလျှင် မေမေ
ပြောပြခဲ့သည့် အကြောင်းအရာကိုပါ တစ်ရှည်တလျား ရှင်းပြနေရဦးမည်။
မေမေ့စကားတို့အား ပြန်ပြောပြရန်အသာထား မေမေ့အကြောင်းတွေးမိလျှင်ပင် ဝမ်းနည်းစိတ်က လှိုက်တတ်လာသည်အထိခံစားရသည်မို့ အနာဟောင်းအားဆွ မနေတော့ဘဲ ဥဂ္ဂါဆိတ်ငြိမ်နေခဲ့မိသည်။ပညာဒါနပေးလှူနေသည့်သဘောမနောကောင်းမွန်သော ဆရာ၊ဆရာမများရှိနေသော်ငြား....
လူကောင်းနှင့်လူဆိုးဟူသည် နေရာအနှံ့၌ ဒွန်တွဲ၍ တည်ရှိနေတတ်သည့် သဘောအား ဥဂ္ဂါငယ်စဉ်ကပင် သဘောပေါက်နားလည်ခဲ့ရသည်။

YOU ARE READING
Complicated
RomansaWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)