(Zawgyi)
သင်္ခခေါင်းတစ်ခုလုံး တစ်စုံတစ်ယောက်က ထုရိုက်လိုက်သည့်နှယ် အုံထူသွားရသည်။ ခုတင်ပေါ်တွင် ဖြူဖျော့ငြိမ်သက်စွာလှဲလျှောင်းနေသော အမျိုးသမီးမှာ သူအသည်းအသန်လိုက်ရှာနေခဲ့ရသော ဝသုန်နှင့်ယမုံတို့၏ မိခင်....။
မျှော်လင့်ချက်အပြည့်နှင့်စောင့်နေကြသူများအတွက် သင်္ခဘယ်လိုများပြောရပါ့။
တစ်ချိန်ထဲမှာပင် ဥဂ္ဂါနှင့် သူမဘယ်လိုများဖြစ်ကြရပါလိမ့်ဟူသော အတွေးတစ်စနှင့် ဥဂ္ဂါအားလှည့်ကြည့်မိချိန်တွင်တော့.....အရုပ်ကြိုးပျက်ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ
"တကယ့်ကိုမရည်ရွယ်ပါဘူး....''
အသိစိတ်လွတ်နေဟန်နှင့် ထိုစကားကိုသာထပ်တလဲလဲ ရေရွတ်နေသော
ဥဂ္ဂါ၏ အင်္ကျီကော်လံကို သင်္ခဆောင့်ဆွဲပစ်လိုက်သည်။ထိုအချိန်မှာပင် အခန်းတွင်းရှိဆရာဝန်ဆိုသူမှာလဲ အခြေအနေမဟန်ပုံကို အကဲခတ်မိ၌ဖြစ်မည်။ အခန်းပြင်သို့ အလျှင်အမြန်ပြေးထွက်သွားခဲ့ပြီဖြစ်သည်။
သို့သော် ကသောကပါးလိုက်ဝင်လာသော ခွန်ဆိုင်းက ဥဂ္ဂါကို ခပ်တိုးတိုးလှမ်းမေးသည်။
"ဒီအမျိုးသမီးကို ဘယ်လိုလုပ်လိုက်ရမလဲ အကို....''ပြန်မဖြေနိုင်ဘဲ ခေါင်းခါပြသော ဥဂ္ဂါကို ခွန်ဆိုင်းက ထပ်အထွန့်မတပ်ရဲဟန်ဖြင့် အခန်းပြင်သို့ထွက်သွားလေသည်။
"ဘယ်လိုတွေဖြစ်ရတာလဲ ဥဂ္ဂါ''
အမြဲကိုကိုဟုခေါ်ရင်း သွယ်ဝိုက်သောနည်းဖြင့် ဥဂ္ဂါအား အကိုအဖြစ်အသိအမှတ်ပြုထားတတ်သူ သင်္ခ....
ခုချိန်တွင်တော့ အခေါ်အဝေါ်တွေကိုလဲ ဂရုမစိုက်နိုင်တော့ပေ....။တဖွဖွမေးနေသော သင်္ခအား အဖြေမပေးဘဲ အနဲငယ်ကြောင်စီစီနိုင်နေသော မျက်ဝန်းအစုံနှင့်သာ ငေးကြည့်နေသော ဥဂ္ဂါကို သင်္ခစိတ်မရှည်နိုင်တော့......။
YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)