Episode-12

3.6K 295 27
                                        

(Zawgyi)

"​ဖြေဆိုချိန်​ပြည့်​ဖို့ မိနစ်​၃၀ပဲလိုပါတယ်​''

အခန်း​စောင့်​ဆရာမ၏ အသံဆုံးသည်
နှင့်​ ​ဝသုန်​ ဖြေဆိုခြင်းကိုအဆုံးသတ်​လိုက်​ပြီး Answer Paperကိုအစအဆုံး ​စေ့​စေ့စပ်​စပ်​ စစ်​​ဆေးလိုက်​သည်​။

တက္ကသိုလ်​ဝင်​တန်း စာ​မေးပွဲကြီး၏​နောက်​ဆုံး​နေ့ဖြစ်​သည်​မို့ ဝသုန်​တစ်​​ယောက်​ စာ​မေးပွဲ​ဖြေ​နေရင်းနှင့်​ကို ​ပျော်​ရွှင်​​နေမိသည်​။

Bioအ​ဖြေလွှာကို ​သေ​သေချာချာစစ်​ပြီးချိန်​တွင်​​တော့ စာ​​မေးပွဲခုံမှာထပ်​မထိုင်​ချင်​​တော့​လောက်​​အောင်​ကို အပြင်​ထွက်​ချင်​စိတ်​​တွေ​ပေါက်​လာသည်​။ ဒီ​နေ့မှပဲ 
နေ့လည်​၁၂နာရီထိုးဖို့က အ​တော်​ကြာ​နေသလိုလို။

"ကလင်​ ကလင်​....''

ဖြေဆိုချိန်​ပြည့်​၍ ​ခေါင်း​လောင်းတီးပြီးသည်​ ဝသုန်​တစ်​​ယောက်​ အ​ဖြေလွှာကိုအပ်​ခဲ့ပြီး အခန်းပြင်​သို့ ​ပျော်​ရွှင်​စွာ ခုန်​​ပေါက်​ပြီးထွက်​လာခဲ့သည်​။

ဖြေဖူးသမျှအတန်းတင်​ စာ​မေးပွဲတိုင်းတွင်​ ၁၀တန်းစာ​မေးပွဲ ပြီးချိန်​တွင်​ ​ပျော်​သည့်​အ​ပျော်​က ဘာနဲ့မှမတူဘူးဟု ​ပြောကြသည်​ကို အခါခါကြားဖူး​သော်​လည်း ခုမှလက်​​တွေ့ခံစားလိုက်​ရသည်​။

"Cooollll !! လုံးဝလွတ်​လပ်​​ပေါ့ပါးသွားတာပဲကွာ ''

တစ်​​ယောက်​ထဲ​ရေရွတ်​ရင်း ဝသုန်​​ကျောင်းတံခါး အပြင်​ဘက်​သို့​ပြေးထွက်​လာခဲ့သည်​။

ကျောင်းပြင်​​ရောက်​သည်​နှင့်​ phကိုထုတ်​ပြီး Daddyနှင့်​ယမုံ့ဆီ ​ဖြေနိုင်​​ကြောင်းလှမ်း​ပြောသည်​။

ထို့​နောက်​အပ်​ထား​သောစက်​ဘီးကိုယူ
ပြီး အိမ်​ပြန်​ဖို့ပြင်​လိုက်​သည်​။သင်္ခယာ့ကိုလဲ လှမ်း​မေးရန်​အကြံနှင့်​ phကိုထုတ်​ပြီး​ခေါ်ရန်​ပြင်​လိုက်​သည်​။

ထိုအချိန်​မှာပင်​ ဝသုန့်​ပခုံးကို တစ်​စုံတစ်​​ယောက်​က ဆွဲဖက်​လိုက်​သည်​။

အလန့်​တကြားနှင့်​​မော့ကြည့်​မိ​တော့
"ဟာ ဥဂ္ဂါ!!''

တအံ့တသြဖြစ်​​နေသည့်​ ဝသုန့်​ကိုဥဂ္ဂါ​က နှစ်​နှစ်​ခြိုက်​ခြိုက်​ပြုံးပြရင်း​မေးသည်​။
"ကဲ ဘယ်​လိုလဲညီ?
နောက်​ဆုံးပိတ်​ ​အိတ်​နဲ့လွယ်​ဆိုသလို 
သေချာ​ဖြေနိုင်​တယ်​မလား?''

ComplicatedWhere stories live. Discover now