(Zawgyi)
"ကျွန်တော်၁၀နှစ်သားလောက်ထဲက
မေမေအိမ်က ထွက်သွားခဲ့တာ ဥဂ္ဂါရဲ့''
ဝမ်းနည်းလွမ်းဆွတ်နေဟန်ဖြင့် ပြောပြခဲ့ဖူးသော ထိုကလေး၏ မိခင်အကြောင်းကို ဥဂ္ဂါနားဆင်ခဲ့ရဖူးသည်။"ကျွန်တော်က မေမေနဲ့တူတာ''ဟု
ဂုဏ်ယူနေပုံဖြင့်ပြောပြခဲ့ဖူးသော
ဝသုန့်ဟန်ပန်ကို ပြန်မြင်ယောင်လာရသောအခါ ....မျက်စိရှေ့တွင် ထိုင်နေသော
အမျိုးသမီးအားကြည့်မိရင်း ဥဂ္ဂါထိတ်လန့်သွားရသည်။"မဟုတ်လောက်ပါဘူး ကံတရားက
ဒီလောက်တော့ မတိုက်ဆိုင်လောက်ပါဘူး''ဟုစိတ်ထဲမှအကြိမ်ကြိမ်ငြင်းဆိုရင်း အချုပ်ခန်းငယ်တွင်းသို့ ဥဂ္ဂါဝင်ရောက်ခဲ့သည်။"အန်တီတစ်ခုခုတော့ သိပါတယ်
ဟုတ်တယ်မလား?'' လေသံအေးအေး
ဖြင့် ဥဂ္ဂါစမေးလိုက်သည်။ထိုအမျိုးသမီးက ခေါင်းကိုတွင်တွင်ခါ
နေရင်းသာ အဖြေပေးလေသည်။မျက်နှာပေါ်တွင်အညိုအမည်းဒဏ်ရာ
အချို့ဖုံးကွယ်နေသော်ငြား မြင်နေရ
သည့် ရှည်သွယ်သွယ်မျက်ဝန်းအစုံက တစ်စုံတစ်ယောက်နှင့်ခွဲမရအောင်တူနေသည်မို့ ....
ဥဂ္ဂါအကြိမ်ကြိမ် တွေဝေမိပြန်သည်။
သို့သော် အပြင်မှာက အခြားလူတွေရှိနေသည်မို့...."ကျွန်တော်သိချင်တာကို အေးအေးဆေးဆေးလေးမေးနေတုန်း ကောင်း
ကောင်းမွန်မွန်ဖြေပေးမယ်ဆို အန်တီ့
အတွက် အရမ်းအဆင်ပြေမှာပဲ''ခပ်ပြုံးပြုံးနှင့်ဆိုသော်လဲခြိမ်းခြောက်သော အငွေ့အသက်အနဲငယ်ပါသည့်
ဥဂ္ဂါစကားအဆုံးတွင်တော့ ထိုအမျိုးသမီးက ဥဂ္ဂါကို စူးစိုက်ကြည့်လာသည်။"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား?
မင်းတို့မေးနေတာတွေငါဘာမှမသိဘူး
ဒါ့ကြောင့်ဖြေစရာလဲမရှိဘူး
ငါ့ရွာငါပြန်မယ်.... ''
YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)