(Zawgyi)
"မိုးဝသုန်"ရေ!
ခပ်စူးစူးအော်သံက ear phone တပ်ထားတဲ့ ကျွန်တော့နားထဲကသီချင်းသံကိုတောင် ဖောက်ပြီးကြားလိုက်ရသည်။
ဘာလဲကွာ ခုမှအိမ်စာတွေပြီးလို့ နဲနဲပါးပါး relaxလုပ်မလို့ကို ။အသံနဲ့အတူ အခန်းတံခါးကို ဆွဲဖွင့်ပြီးဝင်လာတဲ့ ကျွန်တော့အမ "ပိုးယမုံ''
"ဘာလဲယမုံရာ ငါအခုမှနားမလို့ကို အလန့်တကြားနဲ့'' ယမုံက ကျွန်တော့ကို
ပြုံးပြီးသေချာကြည့်ရင်း
''အရမ်းလဲ surpriseဖြစ်မသွားနဲ့နော် ဝသုန်နင်အောက်ဆင်းပြီးလာကြည့်သင့်တယ်!''"ဘာမို့လို့လဲ?'' ကျွန်တော့် အမေးကိုမ
ဖြေဘဲ လက်ကိုဆွဲပီး ခေါ်သွားသည်။လှေကားထစ်အောက်ရောက်တဲ့ အချိန်မှာ Daddyက
''သား မင်းအတွက် Guideဆရာတစ်ယောက် စီစဉ်ပေးထားတယ်တဲ့''
ကျွန်တော်စိတ်ပေါက်ပေါက်နဲ့တွေးလိုက်မိတယ်....
"အထက်တန်းကျောင်းသား ကျွန်တော့်အတွက် guide ဆရာတစ်ယောက်ငှါးပေးတာပဲ ဘာမှမထူးခြားဘဲနဲ့ ယမုံမက ဘာလို့ ရေးကြီးခွင်ကျယ် လုပ်နေရလဲပေါ့''ဒါပေမဲ့ကျွန်တော့အတွေးတောင်မဆုံးလိုက်ပါဘူး ယမုံကိုကျေးဇူးတင်စိတ် ချက်ချင်းပေါက်သွားတယ် .....
ဘာလို့လဲဆိုတော့ ကျွန်တော်သင်ရမယ့် guide ဆရာကို အခုမှတွေ့လိုက်ရလို့လေ!"တွေ့ရတာဝမ်းသာပါတယ်ညီလေး''
"Ohh! ဘုရားရေ! သူ ငါ့ရှေ့ကိုရောက်နေတာပါလား တကယ်ကြီးသူပေါ့လေ!"
စောနက သုံမှုန်နေတဲ့ ဝသုန့်မျက်နှာချက်ချင်းဝင်းပ သွားတာကို ယမုံတစ်ယောက်ကြည့်ရင်း ပြုံးလိုက်မိပါရဲ့
"အကို့နာမည် ဥဂ္ဂါ ပါ''သူ့အကျင့်အတိုင်းခပ်ပြုံးပြုံးပြောတော့ ကျွန်တော်လဲအလိုက်အထိုက်ပြန်ပြောပေးမိသည်။
"ဟုတ်ကဲ့ ကျွန်တော်က မိုးဝသုန်ပါ''
ကိုယ့်နာမည်ကို မိတ်ဆက်ရင်းတွေးမိနေသည်က ''Daddyတို့များဘာ့ကြောင့် သူ့လိုခန့်ခန့်ငြားငြား မပေးဘဲ မိန်းမဆန်အောင်ပေးပါလိမ့်!''
YOU ARE READING
Complicated
Roman d'amourWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)