Final Part-1

3.8K 198 22
                                    

(Zawgyi)

နွေ​နှောင်း၏ ပူ​လောင်​မှုက ​မြေပြန့်​​ဒေသများတွင်​သာမက ​တောင်​​ပေါ်မြို့ငယ်​များသို့ပါ နယ်​ချဲ့​လေ​သော​ကြောင့်
အေးမြ​သော ရာသီဥတုတို့ ကွန်းခိုရာ
လွိုင်​လင်​မြို့ငယ်​သည်​ပင်​ အပူဒဏ်​ခပ်​​နွေး​နွေးအား ခံစား​နေရ​လေသည်​။

သို့​သော်​လည်း ​နေမထွက်​မီအချိန်​တွင်
တော့ လွိုင်​လင်​၏ သဘာဝအတိုင်း
ခပ်​ပါးပါးမြူထုနှင့်​ ​အေးမြမြ​လေပြည်​တို့
က အပူရှိန်​အား ​ခေတ္တဟန့်​တား​ပေးထား​လေသည်​။

မနက်​၅နာရီခွဲ.....

နှိုးစက်​သံအား ကြားလိုက်​ရ​သော ဥဂ္ဂါမှာ ကျိန်းစက်​​နေ​သော မျက်​လုံးတို့အား
အားယူဖွင့်​ရင်း ​ခေါင်းရင်းရှိPhoneထံ
လက်​လှမ်းလိုက်​သည်​။

10th May 2019 ဟူ​သောရက်​စွဲအား
မြင်​လိုက်​ချိန်​မှ ဥဂ္ဂါမျက်​ဝန်းတို့က ကြည်​လင်​သွားရသည်​။

"​သြော်​ ငါလည်းကိုယ့်​​မွေး​နေ့ကိုယ်​ 
မေ့​နေတာပဲ''

နံ​ဘေးရှိဝသုန့်​အား မနိုး​စေလို​သေးသည်​မို့ တစ်​ဦးတည်းကြား​လောက်​ရုံသာ 
ရေရွတ်​ရင်း ​ရေချိုးခန်းဆီသို့ ဥဂ္ဂါဦးတည်​လိုက်​သည်​။

နေမပွင့်​မီအချိန်​​ပေမို့ ​Showerမှ ဖြာကျလာသည့်​ အေးစက်​​သော ညသိပ်​​ရေတို့က ဥဂ္ဂါအား လန်းဆန်း​စေသည်​။
ရေချိုးခြင်းအမှုကိစ္စပြီးသည်​နှင့်​ မီးဖို​ချောင်​သို့ဝင်​ကာ ချက်​​ရေးပြုတ်​​ရေးအတွက်​ ပြင်​ဆင်​ရ​တော့သည်​။

သပ်​ရပ်​​သော​မီးဖိုခန်းငယ်​က မနက်​တိုင်းဥဂ္ဂါအား စိတ်​ကြည်​လင်​​စေသည့်
အ​ကြောင်းအရာများစွာထဲမှတစ်​ခုပင်​။
ဆီ၊နံနွင်းအသင့်​နယ်​ထား​ပြီး​သော အသားများအား ​ရေခဲ​သေတ္တာထဲမှ ထုတ်​ယူကာ တစ်​​နေ့စာအတွက်​ ချက်​ပြုတ်​ခြင်းအား စတင်​​လေသည်​။

မိနစ်၃၀မျှ အချိန်​ယူပြင်​ဆင်​ပြီးသည်​နှင့်
အဆင်​သင့်​ဖြစ်​​​နေပြီဖြစ်​​သော ဟင်းလျာများအား ​ခေတ္တအုပ်​ထားလိုက်​ကာ
Breakfastအတွက်​ ဆိမ့်​သက်​သက်​coffee latteနှစ်​ခွက်​အား အချိုးအဆညီညီ​ဖျော်​စပ်​​နေချိန်​မှာပင်​ ဥဂ္ဂါ၏ ​ကျော​နောက်​သို့ ​ရောက်​လာသည့်​ အရိပ်​ငယ်​အား​တွေ့လိုက်​ရသည်​။

ComplicatedWhere stories live. Discover now