(Zawgyi)
မွန်းတည့်နေရောင်အောက်မှ ဝသုန်သည်
ဥဂ္ဂါ၏ ကျစ်လျစ်သောခါးအား ယှက်သိုင်းပွေ့ဖက်ကာ ထိုစကားအားဆိုချိန်၌ အံအားသင့်စွာပင် ဥဂ္ဂါ သူ့ထက် ခေါင်းတစ်လုံးခန့် အရပ်နိမ့်သော ဝသုန့်အား ငုံ့ကြည့်မိတော့သည်။"ကျွန်တော်နဲ့ လိုက်ခဲ့မယ်မဟုတ်လား''
ထိုစကားအား ဥဂ္ဂါကိုကြည့်ရင်းဆိုနေသော ဝသုန့်နှုတ်ခမ်းပါးသည် ပြုံးရိပ်ပြုံးယောင် ခပ်ဖြေးဖြေး ယှက်ပြေးနေလေ
သည်။
သို့သော်လည်း ခပ်ရဲရဲ ပါးအို့ထက်မှ ဝသုန့်မျက်ဝန်းတို့မှာမူမွန်းတည့်နေရောင်နှင့်အပြိုင် စူးရှတောက်ပနေပြန်သည်။ဝသုန့်မျက်နှာနုနုအားကြောင်ငေးမိနေသော ဥဂ္ဂါသည် ဝသုန့်ခေါ်ကာနောက်သို့ မဆိုင်းမတွ လိုက်ပါသွားမိပါတော့သည်။
.
.
.
.
.
.
ကျွန်းရောင်ပြောင်လက်နေသော အခန်းတံခါးဝ၌ ရပ်နေသော သီဟတစ်ယောက် ချီတုံချတုံဖြစ်နေမိသည်။ အခန်းတံခါးအားခေါက်ရန် မဝံမရဲဖြစ်နေသော်ငြား သတ္တိမွေးကာ တံခါးအား ခပ်ဖြေးဖြေး ထိခေါက်လိုက်ချိန်၌"ဝင်ခဲ့''
ဟူသော သြဇာတိက္ကမ ပြည့်ဝသည့် အခန်းတွင်းမှအသံအား ကြားလိုက်ရလေ
သည်။အခန်းတွင်းDecorationမှာ ပြောင်လက်
တောက်ပသော မဟူရာရောင်တို့ဖြင့် ပြည့်လွှမ်းနေလေသည်။ Leatherအကောင်းစားတို့နှင့် ဆင်ယင်ထားသော sofaများမှာ တဖိတ်ဖိတ်တောက်ပနေသော ရုံးခန်း၏ အသရေအား မြှင့်တင်ပေးနေသကဲ့သို့ပင်။အခန်း အရှေ့ဘက် အလုပ်စားပွဲအနီး၌မူ ဆုံလည်ကုလားထိုင်ထက်၌ သီဟရှိသည့် အရပ်အား ကျောပေးထိုင်နေသော Rumble၏ အစစ်အမှန်ပဲကိုင်ရှင်ဖြစ်သည့် Bossကိုတွေ့လိုက်ရလေသည်။
အလုပ်စားပွဲအနီးသို့ သီဟ ခပ်ရို့ရို့လျှောက်သွားရင်း လှည့်ကြည့်လာသော bossအားတောင်းပန်တိုလျှိုးဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ခန့်ငြားသော
ဥပဓိရုပ်ပိုင်ရှင် Bossသည် သူ၏သပ်ရပ်စွာ လှန်တင်ထားသောဆံစတို့အောက်ရှိ မျက်နက်ဝန်းများဖြင့် သီဟအားစိုက်ကြည့်ရင်း သီဟပြောလာမည့်စကားတို့အား နားထောင်ကြည့်ရန် အသင့်ဖြစ်နေပုံပင်။
YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)