(Zawgyi)
ဥဂ္ဂါ၏သီချင်းသံအဆုံးတွင်တော့ customerတွေ၏ လက်ခုပ်တီးသံ သောင်းသောင်းဖြဖြအားပေးသံများကို ဝသုန်
ကြားလိုက်ရသည်။
"ဥဂ္ဂါ guideမလုပ်ပဲ အဆိုတော်လုပ်ရ
မှာ'' ဟုဝသုန်တွေးမိရင်း ဥဂ္ဂါ ကိုကြည့်မိတော့ ဥဂ္ဂါ ကလဲ ဝသုန့်ကို ပြုံးရင်းကြည့်နေလေသည်။သို့သော်ထိုအပြုံးက ကြာရှည်မခံလိုက်။
ဥဂ္ဂါ မျက်ဝန်းတို့က တစ်နေရာဆီ အကြည့်ရောက်သွားချိန်တွင် ထိုအပြုံးတို့ မှေးမှိန်ပျောက်ကွယ်သွားရသည်။"ဘာလို့များပါလိမ့်''ဟူသော အတွေးနှင့်အတူ ဥဂ္ဂါ အကြည့်တို့ရှိရာ ကိုဝသုန်ကြည့်မိတော့ Barအပေါ်ထပ် VIPအလွှာတွင် ကျောပေးရပ်နေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
အရပ်ရှည်ရှည် အသားဖြူဖြူနှင့် ဆံနွယ်အနီရောင်တွေက လိုက်ဖက်စွာ တည်ရှိနေသောကြောင့် ကျောဘက်မှကြည့်လျှင်ပင်ကြည့်ကောင်းမည့်သူဟု ဝသုန်
သိလိုက်သည်။ထိုသူ့ထံ အကြည့်ရောက်နေသည်မို့
ဝသုန့်ဘေးကို ဥဂ္ဂါ ရောက်လာသည်ကို
ပင် သတိမထားမိလိုက်။"ခုတော့ ကိုယ့်အလုပ်ရောက်ဖူးသွားပြီပေါ့ညီ'' ဟုပြောသံကြားမှ ဝသုန်ဘေးကို လှည့်ကြည့်မိသည်။
"ဟာ ဥဂ္ဂါ ဆိုလို့ပြီးသွားပြီလား
၁ပုဒ်ထဲလား??''ဥဂ္ဂါက ခေါင်းတစ်ချက်ငြိမ့်ပြရင်း
"နောက်မှ ညီ့အတွက်အများကြီးဆိုပြ
မယ် ခုတော့ ပြန်ကြမယ်နော်
ကိုယ်လိုက်ပို့ပေးမယ်''ပြောရင်းဆိုရင်း ထရပ်ရန်ပြင်သောဥဂ္ဂါကြောင့် ဝသုန် သောက်လက်စsmoothieကို အမြန်လက်စသပ်
ရင်း
''ဘာလို့များလောနေရပါလိမ့် ဟိုလူ
ရောက်လာလို့လား?''ဟု စိတ်ထဲမှ
မကျေနပ်စွာပွစိပွစိရေရွတ်မိသည်။သို့သော် ဥဂ္ဂါဝသုန့်ပခုံးကိုဖက်ရင်း အတူထရပ်လိုက်စဉ်တွင်တော့ စောန
မကျေနပ်မှုတွေက ကြက်ပျောက်ငှက်
ပျောက် ဖြစ်ကုန်ရပြန်သည်။
ဒီလိုပဲလေ ဥဂ္ဂါ ဆိုတာ ဝသုန့်မကျေနပ်မှုကို ကြာရှည်ရှိမနေအောင် လုပ်ပေးနိုင်သောသူ....။
YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)