(Zawgyi)
"မင်းဘာတွေကြံစည်နေတာလဲဥဂ္ဂါ''
"ငါဝသုန့်အမေကိုသတ်မိတဲ့အကြောင်း မသိသင့်တဲ့သူတစ်ယောက်က သိသွားခဲ့တယ်နေမာန်
သူသာဖွင့်ပြောလိုက်မယ်ဆိုရင်....
အားလုံးပျက်စီးကုန်မှာ...
ဒီတော့ သူဖွင့်မပြောနိုင်အောင်လုပ်ပြီး
တရားခံပါဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်
အားလုံးပွဲသိမ်းသွားပြီ ဟားဟား....''ခြောက်ကပ်ကပ်ရယ်မောရင်းပြောနေသော ဥဂ္ဂါက နေမာန်သိသော ဥဂ္ဂါနှင့်ပင်မတူညီစွာ ကွဲပြားလွန်းနေသည်။
(သူဘယ်လိုဖြစ်နေပါလိမ့်)"နဲနဲစိတ်အေးအေးထားစမ်းပါ ဥဂ္ဂါရာ
သိသွားတဲ့ သူက ဘယ်သူမို့လို့ မင်းက လူသတ်တရားခံဖြစ်အောင်လုပ်ချင်နေရတာလဲ?? ဒီတိုင်း ရှင်းပစ်လိုက်ရင် ပြီးသွားမယ့်ကိစ္စကို''"ဟင့်အင်း ငါအဲ့ကောင်ကို ထောင်ကျ
သွားစေချင်တယ် နေမာန်
သိပ်ဂုဏ်သိက္ခာကြီးပါတယ် ဆိုတဲ့သူ့မိသားစုတွေရဲ့ ဂုဏ်ကို သူ့ကြောင့်ပဲဟိုးအောက်ဆုံးထိရောက်အောင်လုပ်ပစ်ချင်တာ''တစ်လုံးချင်းစီ ပြတ်ပြတ်သားသားပြောနေသော ဥဂ္ဂါစကားတို့ကိုနေမာန်နားမလည်နိုင်တော့။ပုံမှန်မဟုတ်တာတော့သိသည်။
"အဲ့လူက ဘယ်သူမို့လို့လဲ ဥဂ္ဂါ''
"သင်္ခယာ''
"ဘာ!!
သူက ဘယ်လိုပြောပြောမင်း ညီလေ''"မင်းအဲ့မိသားစုအကြောင်းဘာမှမသိပါဘူး နေမာန်ရာ....
ငါပြောသလို မင်းလုပ်မှာလားပဲပြော
မင်းမှာ ဥပဒေအရာရှိတွေနဲ့အဆက်အသွယ် တွေအများကြီးရှိတာ ငါကောင်းကောင်းသိတယ် ''မင်းမသိပါဘူးဟု ဥဂ္ဂါပြောနေသော်ငြားနေမာန်သိပါသည်။
သင်္ခယာတို့အိမ်တွင် ဥဂ္ဂါမြေးအကြီးအ
နေဖြင့် သက်တောင့်သက်သာနေခဲ့ရသည်ဟု ဟိုအရင်အချိန်များက နေမာန်ထင်ခဲ့ဖူးသည်။
YOU ARE READING
Complicated
RomantikWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)