(Zawgyi)
⛅☁⛅☁⛅☁🌌🌌🌌🌌
ချစ်သူနှင့် အတူရှိရသော ညနေခင်း
သည် သာယာ ကြည်နူးဖွယ်ကောင်းလှသည်။ကိုယ်သိပ်ချစ်ရသောသူက ကိုယ့်အား ထပ်တူညီစွာချစ်နေခဲ့သည်ဟူသောခံစားချက်က ယမုံ့ကို ပီတိဖြစ်စေလွန်းနေသည်။
တစ်ယောက်ထဲ လျှောက်နေကျ အိမ်ပြန်လမ်းက သင်္ခနှင့်အတူပြန်လာမှ ပိုပြီး လှပနေသလိုလို....။
အရင်ဆို bus stopမှ အိမ်ကို အဝေးကြီးလျှောက်ရလို့ ငြီးငြူနေတတ်သောယမုံက ဒီနေ့မှ အိမ်ကိုရောက်တာ သိပ်ကို
မြန်နေသလိုခံစားရသည်....။သူနဲ့ မခွဲချင်သေးဘူးလေ.....။
အပြန်လမ်းတစ်လျှောက် သင်္ခ ရော ယမုံပါ တိတ်ဆိတ်စွာလျှောက်လှမ်းလာခဲ့ကြသည်။
ကြည်နူးစိတ်နှင့် ကျေနပ်ပျော်ရွှင်နေသောယမုံက သင်္ခ၏ တစ်ခုခုကိုလေးလေးနက်နက် တွေးတောနေဟန်ကို သတိမထားမိခဲ့ ။
သင်္ခက နဂိုထဲက အရှက်သည်းသူ
ဖြစ်သောကြောင့် အခုလဲ ယမုံ့လက်ကိုကိုင်ဖို့တောင် မဝံမရဲ ဖြစ်နေသည်ဟု
ယမုံထင်မိသည်။ခြံဝရောက်တော့မှ သင်္ခ ယမုံ့လက်ကို
လှမ်းကိုင်သည်။ တော်ပါသေးရဲ့ Daddyပြန်မရောက်လောက်သေးလို့။"ယမုံ.....''
သင်္ခပုံစံက တွေးတွေးဆဆနှင့် တစ်ခုခု ပြောချင်နေသည့်ဟန်..."ဘာလို့လဲ သင်္ခ ပြောလေ''
သက်ပြင်းတစ်ခုကို မသိမသာပင့်သက်မိရင်း သင်္ခပြောမိသည်က..
"ငါ့လိုလူကိုချစ်ပေးလို့ ကျေးဇူး အများ
ကြီး တင်ပါတယ်ယမုံ''ယမုံဘာမှပြန်မပြောတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြရင်း အိမ်ထဲဝင်လာခဲ့
တော့သည်။"ပြန်လာပြီလား ယမုံ''
ဝသုန်က TVကြည့်နေရင်းလှမ်းမေး
သည်။"အင်း...''
ပြုံးစိစိ ယမုံ့ မျက်နှာပေးကို ဝသုန်က
ကောင်းကောင်း အကဲခပ်တတ်ပါသည်။
YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)