(Zawgyi)
အခန်းငယ်တစ်ခု....။
တိတိကျကျပြောရမည်ဆိုလျှင် တစ်ကိုယ်တည်းအထီးကျန်နေသူ၏ ခိုလှုံရာ ရပ်ဝန်းငယ်တစ်ခုပင်....။ဆေးလိပ်အခိုးအငွေ့တို့က အခန်း၏
လေထုအား ဖုံးအုပ်ထားသည်ဟု ဆိုရလောက်သည်အထိ ပြည့်လွှမ်းနေလေ
သည်။ ပြင်ပလေထုနှင့် အလင်းရောင်တစ်စွန်းတစ်စမျှပင် အဝင်မခံဘဲ ရှိရှိသမျှတံခါးတို့အား ပိတ်ဆို့ထားသော အခန်း
ငယ်၏ ချောင်ကျကျနေရာမှ ထိုင်ခုံထက်တွင် ငြိမ်သက်စွာထိုင်နေသူတစ်ဦးရှိလေသည်။ခံစားချက်ကင်းမဲ့သော မျက်နှာ၊ မျှော်လင့်ချက်မရှိသည့်နှယ် ဖျော့တော့နေသောမျက်ဝန်းတို့နှင့် ထိုသူသည် လေနှင်ရာလွင့်မျောနေသည့် စိတ်အစုံအား cigeratteမီးခိုးငွေ့တို့နှင့်အတူ လွှတ်
်ထုတ်နေသည့်ပမာပင်။၂၈နှစ်ဟူသော အရွယ်သည် ယောကျာ်းလေးတစ်ဦးအတွက် တည်ငြိမ်ရင့်ကျက်ရမည့်အရွယ်ပင် ဖြစ်သော်ငြား မည်မျှပင် ကြိုးစားစေကာမူ ချစ်ရသူနှင့် မဆုံဆည်းနိုင်တော့မည့် ဘဝအခြေအနေအား တွေးမိချိန်တိုင်း ခံရခက်လွန်းသော ခံစားချက်တို့က နေမာန့်အား နှိပ်စက်နေလေသည်။
်ပြင်ပလောကနှင့် အဆက်အသွယ်ဖျက်ရင်းပြန်မလာနိုင်ချေ ၉၉%ရှိနေသည့် တစ်ယောက်သောသူအား ကျန်၁%ဟူသော မျှော်လင့်ချက်ယဲ့ယဲ့အား မဝံမရဲဆုတ်ကိုင်ကာ မျှော်လင့်နေမိသော မိမိအဖြစ်မှာ ရယ်ဖွယ်အတိ။
အခန်းငယ်တစ်ခုလုံးမှာ မှောင်အတိပြီး၍ ဆိတ်ငြိမ်မှုက လွှမ်းခြုံထားလေသည်။
သူ့ စိတ်တိုင်းကျ အဖြူရောင်သုတ်ထားဖြစ်ခဲ့သော နံရံများ၊
သူ့ခြေရာလက်ရာတို့ပြည့်နှက်နေသော အိမ်ပတ်ဝန်းကျင်၊
ဘယ်ကြည့်ကြည့် မြင်ယောင်မိနေသော သူ့ပုံရိပ်တို့အား မြင်ရလေလေ သူ့ထံပါးပြေးသွားလိုစိတ်တို့က တားမရဆီးမရဖြစ်လေလေပင်။
YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)