(Zawgyi)
ကျွန်တော် စိတ်ထဲသိပ်ကိုကျေနပ်နေမိသည်။ ဥဂ္ဂါ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကျွန်တော် သူ အန္တရာယ်မဖြစ်အောင်ကူညီပေးလိုက်နိုင်သည်ဟု တွေးမိခြင်းကြောင့် ဖြစ်သည်။
သို့သော်ထို အန္တရာယ်မြားဦးက
ကျွန်တော့်ဘက်လှည့်လာလောက်သည်ကိုတော့နဲနဲလေးမှသတိမထားမိခဲ့...
February-12
၈တန်းFinalစာမေးပွဲက အစိုးရစစ်ဖြစ်သောကြောင့်ကျွန်တော်တို့မြို့နယ်တွင်းရှိ အခြားကျောင်းများသို့ ပြောင်း၍ဖြေဆိုရသည်။ ယမုံကတော့ သူ့သူငယ်ချင်း
"မေစန္ဒီ''နှင့် ဖြေရမည့်ကျောင်းတူသောကြောင့်အတူသွားကြသည်။
ကျွန်တော်ကတော့ ယမုံနှင့်ကျောင်းမတူ။ ကျွန်တော်တစ်ယောက်ထဲဖြစ်နေ၍ Daddyက လိုက်ပို့ပေးမည် ပြောသော်လဲ ကျွန်တော့်ကြောင့်အလုပ်ပျက်မည်စိုးသောကြောင့် တစ်ယောက်ထဲသွားမည်ဟုသာပြောလိုက်သည်။
ကျွန်တော်ဖြေရမည့်ကျောင်းက အနဲငယ်ဝေးသည်။ 9နာရီတွင်စဖြေရမည်မို့ ၈နာရီကျော်ကျော်ထဲက ယမုံရော ကျွန်တော်ပါ အိမ်ကထွက်ကြသည်။
ကျွန်တော်ကျောင်းသို့သွားရာလမ်း
တစ်လျှောက်တွင် စာမေးပွဲဖြေရန်လာ
ကြသောကျောင်းသားများနှင့်စည်ကားနေသည်။
ညက သိပ်မရသေးသည်
''မဟော်သဓာ'' အကျဉ်းချုပ်များကိုထိုင်ကျက်ရင်း အိပ်ရာဝင်နောက်ကျသောကြောင့်ခေါင်းထဲတွင် မကြည်မလင်ဖြစ်နေသည်။ဖြေရမည့်ကျောင်းရှေ့ရောက်ခါနီးတော့ ၈:၃၀ သာရှိသေးသည်။
''အင်း စောပါသေးတယ် အအေးတစ်ခုခုဝယ်သောက်ဦးမှ''ဟုတွေးရင်း ကျောင်းအနီး လမ်းကြားထဲမှ ကုန်စုံဆိုင်လေးဆီ လှမ်းလာခဲ့သည်။
ထိုစဉ်လမ်းကြားထဲမှ ထွက်လာသော
ဆိုင်ကယ်၃စီးက ကျွန်တော့်ကို ဝင်တိုက်မိမလိုဖြစ်သွားသည်။ စိတ်တိုတိုနှင့်''လမ်းကိုသေချာကြည့်မောင်းလေ''ဟု
အော်ပြောပစ်လိုက်သည်။
YOU ARE READING
Complicated
Storie d'amoreWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)
