(Zawgyi)
ချောင်ကျကျ ရပ်ကွက်တစ်ခုမှ တိုက်ခန်း
ငယ်၏ ခပ်မှောင်မှောင်လှေကားတစ်
လျှောက်ယမုံ ဖြေးညှင်းစွာဆင်းလာခဲ့လေသည်။ရှေးလှေကားတို့၏ သဘာဝအတိုင်း အကွေ့မရှိဘဲ မတ်စောက်စွာ ဆောက်လုပ်ထားခြင်းကြောင့် လက်ရန်းကို အားပြုရင်း ယမုံ လျှောက်လှမ်းလာခဲ့သည်။
သတိထားနေသည့်ကြားမှပင် အောက်ဆုံးလှေကားထစ်မရောက်မှီ ယမုံတစ်ယောက် ခြေချော်ကျတော့လေသည်။သို့သော်ငြားလည်း တစ်စုံတစ်ဦး၏ ဆွဲထိန်းပေးထားမှုကြောင့် ယမုံ့မှာ ပြုတ်ကျမသွားခဲ့ခြင်းပင်။
"ကျေးဇူးပဲ''ခပ်တိုးတိုးသာရေရွတ်ရင်း
ယမုံရပ်ထားသော ကားဆီသို့သာ
လျှောက်လှမ်းလာခဲ့လေသည်။ကားထဲ၌နေရာယူပြီးသော ယမုံ့နံဘေးdriver seatသို့ ထိုသူက တံခါးဖွင့်ရင်းဝင်ထိုင်လိုက်သည်။
"အခြေအနေ ဘယ်လိုရှိလဲ ခွန်ဆိုင်း?
ရှင်သူသတိမထားမိဘဲ သွေးနမူနာရ
အောင် ဘယ်လိုလုပ်လာတာလဲ?''ခပ်ဖြေးဖြေးကားမောင်းနေသော ခွန်ဆိုင်းတစ်ယောက် ယမုံ့စကားကို ကြားလိုက်ချိန်တွင်တော့ ပေါ့ပါးစွာပြုံးလိုက်ရင်း
"သိပ်မခက်ပါဘူး''ဟုသာ အဖြေပေးလေသည်။"သက်သေတွေတော်တော်များများတော့စုံနေပါပြီ ယမုံ.....
အဓိကမျက်မြင်သက်သေအနေနဲ့
ကျွန်တော်ရှိတယ်
သွေးနမူနာရလာပြီဆိုတော့ သင်္ခအင်္ကျီမှာ
ဥဂ္ဂါကို သူဆွဲထိုးတုန်းက စွန်းနေခဲ့တဲ့ သွေးနဲ့တိုက်စစ်လို့ရပြီ....
တူနေတယ်ဆိုရင်တော့ game overပဲ''ခပ်မှန်မှန်ပြောနေသော ခွန်ဆိုင်းစကားကိုကြားနေရသော ယမုံ့မှာတော့ ရင်ထဲ
လေးလံနေမိပြန်သည်။"ဥဂ္ဂါကို သိပ်တွယ်တာနေသော ဝသုန့်အား ယမုံ ဤအဖြစ်မှန်များကို ဘယ်လိုများပြောပြရပါ့??''
အတွေးတစ်စနှင့်အတူ ယမုံ့အကြည့်တို့က နံဘေးရှိ ခွန်ဆိုင်းထံရောက်ရှိသွားခဲ့လေသည်။

YOU ARE READING
Complicated
RomantikWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)