(Zawgyi)
ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နေစဉ်
Daddyပြန်ရောက်လာသည်။
ဆရာဝန်တွေက ကျွန်တော့်ကိုအနဲငယ်စစ်ဆေးမှုများ ပြုလုပ်သည်။ထို့နောက် "သားရဲ့ခေါင်းဒဏ်ရာကနဲနဲ
ပြင်းထန်တယ် ပြီးတော့ အခုမှ သတိရတာဆိုတော့ ချက်ချင်းတော့ ဆေးရုံဆင်းလို့မရသေးဘူး။ ၁ရက်၂ရက်တော့ စောင့်ကြည့်ရဦးမယ်''ဟုပြောသည်။"စိတ်ပူစရာတော့မရှိတော့ပါဘူးနော် Doctor''
Daddyအမေးကို ဆရာက
''စောင့်ကြည့်ရုံပါပဲခင်ဗျာ အရမ်းမစိုးရိမ်ရပါဘူး'' ဟုဖြေရင်းထွက်သွားသည်။"သားနေကောင်းနေပါပြီ Daddy
သားကြောင့်Daddy အလုပ်တွေပျက်နေရပြီ''
"မပျက်ပါဘူးသားရယ် Daddyရုံးမှာ
အလုပ်တွေကို လက်ထောက်နဲ့လွှဲထား
ပြီးမှ သားဆီလာတာ''Daddyပြောစကားမဆုံးမီပင် phဝင်လာသည်။
"စာရင်းတွေကွာနေတာလား...?''
Daddyပြောရင်းကျွန်တော့်ဘက်လှည့်
ကြည့်သည်။ကျွန်တော်ပြုံးပြလိုက်ပြီး
''ရပါတယ် Daddy ယမုံလဲရှိတယ်လေ စိတ်မပူပါနဲ့''"အင်း ခဏပဲနော်သား Daddyပြန်လာခဲ့မယ် သမီး မောင်လေးကိုဂရုစိုက်နော်''
ယမုံ့ကိုပါ မှာတမ်းခြွေရင်း Daddyထွက်သွားခဲ့သည်။"ယမုံ ငါမေးစရာရှိတယ်''
"မေးလေ ဝသုန်''
"အခု ငါ့ကိုရိုက်သွားတာ ဘယ်သူတွေလဲနင်သိလား''
"အင်း... ငါစုံစမ်းကြည့်ထားတယ်ကျောင်းကသူငယ်ချင်းတွေဆီက အဲ့ကောင်
်နာမည်က နေမာန် တဲ့ သူကလမ်းသရဲ ငရှုပ် ပျက်စီးနေတာ....
ပြီးတော့၁၀တန်းနှစ်မှာပဲ ဆေးသုံးလို့ဆိုလားပဲ ကျောင်းထုတ်ခံလိုက်ရတယ်တဲ့''ကျွန်တော့်ခေါင်းထဲမူးနောက်နောက်
တောင် ဖြစ်သွားသလိုပင်''ဥဂ္ဂါ ကဘာလို့ ဒီလိုလူနဲ့ ပြသနာဖြစ်နေရပါလိမ့်''ဟုတွေးမိပြီးစိတ်ပူသွားရ
သည်။

YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)