(Zawgyi)
ဝသုန့်ထံမှ ဘာမှဆက်ပြောသံမကြားရတော့၍ ဥဂ္ဂါ phချလိုက်သည်။
ရှင်းစရာကိစ္စရှိသေးသည်လေ။
တိုက်ခန်းကျဉ်းကျဉ်းဖြစ်သော်လဲ အနံအသက်မရှိဘဲ သန့်ရှင်းသပ်ရပ်အောင် ထားထားသော ဥဂ္ဂါအိမ်မှာ ပိုင်စိုးပိုင်
နင်း cigeratte လာသောက်နေသော သူကိုကြည့်ရင်း ဥဂ္ဂါ စိတ်တွေအလိုလို တိုလာမိသည်။"မင်းရေချိုးခန်းဝင်နေတာမို့ ငါမင်းအစားphကိုင်ပေးတာပဲရှိတာပါကွာ
မျက်ထောင့်နီကြီးနဲ့ကြည့်နေစရာ မလိုပါဘူး''ခပ်ရွဲ့ရွဲ့ပြောသောစကားသံက ဥဂ္ဂါ ကို ပိုစိတ်တိုစေသည်။
"ငါ့ အိမ်ကို မင်းလာစရာအကြောင်းကိုမရှိဘူးလေ နေမာန် မင်းပြန်တော့''
"အဟက် ငါဝယ်ပေးထားတဲ့ အိမ်မှာနေ
ပြီး မင်းက ငါ့ကိုနှင်နေတာလားဥဂ္ဂါ?''ခုတင်ပေါ်မှာ ခြေချိတ်ထိုင်ရင်း မျက်ခုံးတစ်ဖက်ကိုပင့်လျက် ပြုံးစစမျက်နှာနှင့်ပြောလာသော သူကို ကြည့်ရတာ မျက်စိထဲ ဘယ်လို ခု နေမှန်းမသိ!
"မင်းဝယ်ပေးထားတဲ့ အိမ်ဆိုတာ မှန်ပါတယ် ဒါပေမယ့် ငါတို့အလုပ်ကိစ္စက ဒီအိမ်မှာပြောဖို့ မလိုဘူး ဒါကြောင့်မင်း
ပြန် ...''ဥဂ္ဂါ စကားမဆုံးသေးခင်မှာပင် နေမာန်ဥဂ္ဂါအနား အရောက်သွားလိုက်သည်။
နေမာန်က ဥဂ္ဂါ ထက် ၃နှစ်ကြီးသည်။
အရင်က နေမာန့်ထက်လူကောင်သေး
ပြီး အမြဲအနိုင်ကျင့်လို့ရသော ကောင်
လေးက အခုနေမာန့်ထက်တောင် အနဲ
ငယ် အရပ်ပိုရှည်နေသလိုလို...။ငယ်ငယ်က နေမာန်ခိုင်းသမျှကို ရို့ကျိုးစွာနာခံတတ်သောကောင်လေးက ၁၀တန်းနှစ်ကစလို့ သူ့ကို ကလန်ကဆန်လုပ်တတ်လာခဲ့တာ အခုထိ...။
ပိုက်ဆံရှိဖို့ထက် အေးအေးဆေးဆေးပဲနေချင်တာလို့ ပြောတတ်တဲ့ကောင်လေးက အခုတော့ ပိုက်ဆံအတွက်နဲ့ပင်
သူ့ကိုလာပတ်သက်နေရပြန်သည်...။

YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)