(Zawgyi)
ဥဂ္ဂါတစ်ဦးတည်း ကြားလောက်ရုံသာ
ပြောလိုက်သော ရှေ့နေ၏ စကားသံကို
ကြားလိုက်ရချိန်၌ ဥဂ္ဂါမျက်ဝန်းတို့မှာ
အံသြမှုတို့က အတိုင်းသားပင်။
ဤအသံပိုင်ရှင်မှာ အထူးတလည်စဉ်းစားနေရန်မလိုသောသူ.....။သို့သော်ငြား သူ့မျက်နှာမှာတော့ ဥဂ္ဂါမသိသော သူစိမ်းတစ်ဦး၏ မျက်နှာ။
အသက်၄၀နီးပါးခန့်ရှိလောက်မည်ထင်ရသော လူကြီးတစ်ဦး။သက္ကလပ်ဦးထုတ်အား ခပ်ငိုက်ငိုက်ဆောင်းထားရင်း အနက်ရောင်ဘောင်ကွပ်မျက်မှန်လေးထောင့်ကြီးအား တပ်ဆင်ထားသော ထိုရှေ့နေကြီးအား ဥဂ္ဂါစိုက်ကြည့်နေမိသည်။
ထိုအချိန်မှာပင် ထိုရှေ့နေကြီးက ဥဂ္ဂါထံ လက်လှမ်းပေးလာသည်။
"Uncleက အစိုးရရှေ့နေ Mr.Robert Hla Aungပါ မင်းအမှုကို အဓိက တာဝန်ယူပြီးလိုက်ပေးမယ့်သူပေါ့''
အသက်ခပ်ကြီးကြီးလူကြီးထံမှ ပေါ်ထွက်လာသော အသံက ပျိုရွယ်သောအမျိုးသားတစ်ဦး၏ အသံမှန်း ဥဂ္ဂါသေချာပေါက် အကဲခပ်မိပါသည်။ သို့သော် စားပွဲနှင့်ခပ်လှမ်းလှမ်း တံခါးဝ၌ ရပ်စောင့်နေသော ရဲအရာရှိကမူ သတိထားမိဟန်မတူ။
နှုတ်ခမ်းမွှေးစစအား ခပ်ဖွဖွသပ်ရင်း မျက်ခုံးကို တစ်ဖက်ပင့်တင်ကာ ပြုံးပြနေသောထိုရှေ့နေဟန်ဆောင်ထားသော လင်းနေမာန်ဟူသည့် ဤလူသားအား
ဥဂ္ဂါအံသြစွာကြည့်နေမိပြီးမှ သတိရကာ သူကမ်းပေးထားသော လက်အား ဆွဲယူနှုတ်ဆက်လိုက်သည်။"ကျွန်တော့်နာမည် ဥဂ္ဂါပါ''
ဥဂ္ဂါအားခေါင်းတစ်ချက်ငြိမ့်ပြပြီး နေမာန်
ရဲအရာရှိထံလှည့်ကာ"ကျွန်တော့်အမှုသည်နဲ့ တိုင်ပင်ဆွေးနွေးစရာကိစ္စတွေကို နှစ်ယောက်ထဲပဲ
ပြောခွင့်ရှိတယ်မလား''"အာ...ဟုတ်ကဲ့ ကျွန်တော်အပြင်မှာ
စောင့်နေပါမယ်''

YOU ARE READING
Complicated
Storie d'amoreWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)