(Zawgyi)
"ဒီတစ်ခါကိစ္စကိုတော့ ကျွန်တော်ကိုယ်တိုင် လမ်းကြောရှင်းပေးထားမှာမို့ အကိုတို့စိတ်ချပါ''
အသက်ခပ်ရွယ်ရွယ်အရာရှိတစ်ဦး၏စကားသံအဆုံးတွင်တော့....
''ဟုတ်ပြီ မင်းသွားလို့ရပြီ
အပြင်မှာမင်းအတွက်ပြင်ဆင်ထားတာ ယူသွားလိုက်ပါ'' ဟုနေမာန်တည်ငြိမ်စွာ တုံ့ပြန်ပြောလိုက်သည်။ထိုလူရွယ်ထွက်သွားပြီးနောက်တွင်တော့
"ရွှေလီဘက်က ဝင်မယ့် ပစ္စည်းတွေအတွက်လားနေမာန်'' ဟုမေးရင်းဝင်လာသူက နေမာန့်၏ လူယုံလဲဟုတ်၊ အတွင်းရေးမှူးလဲဟုတ်သူ သီဟ။နေမာန်ကခေါင်းတစ်ချက်ငြိမ့်ပြရင်း အဖြေပေးသည်။
"ဒီကိစ္စက တော်တော်pressureများ
တယ်နော်''"အင်း....ဒါပေမယ့် ငါအခု အဆင်ပြေအောင်ရှင်းထားပြီမို့ စိတ်ပူစရာတော့
သိပ်မရှိပါဘူး
ဒါနဲ့ မင်းကို ငါစုံစမ်းခိုင်းထားတဲ့ ကိစ္စရော?''နေမာန်မေ့နေလောက်ပြီထင်သော်လဲ သတိရနေသေးသည်။
"အင်း... ငါစုံစမ်းပြီးပါပြီ''
"မင်းသိခဲ့သမျှ မခြွင်းမချန်ငါ့ကိုပြောပြ''
"မိုးဝသုန်ဆိုတဲ့ကောင်လေးက ဘာမှ
တော့ စိတ်ဝင်စားစရာမရှိပါဘူး...
ပိုးယမုံဆိုတဲ့ အမွှာအမ တစ်ယောက်ရှိ
တယ် သူတို့အဖေက ခရီးခဏခဏထွက်ပြီး audit စစ်ရတဲ့အစိုးရစာရင်းကိုင်တစ်ယောက် ဒါပါပဲ''"ကျစ်...ဒီကိစ္စတွေက ဘာမှထူးခြားတာမဟုတ်တာတွေလေ''
သီဟ သက်ပြင်းတစ်ချက်ချရင်းနေမာန့် ကိုကြည့်မိသည်။
"ဘာလို့ ဒီအကြောင်းကို အချိန်ကုန်ခံပြောနေမှာလဲ?
တခြားအရေးပါတဲ့ အလုပ်ကိစ္စတွေ
အများကြီးမဟုတ်လား''"ငါ့အတွက်အရေးပါလို့.....
မင်းထပ်ပြီးအထွန့်တပ်ဦးမယ်ဆိုရင်''
ဟုပြောရင်း စိုက်ကြည့်လာသော
နေမာန့်အကြည့်က သီဟကို ကြက်သီးထစေသည်။
YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)