(Zawgyi)
အပြင်ဘက် လေဟာပြင် ပျံကျဈေးတန်းထံမှ ပျံလွင့်လာသော သင်းပျံပျံ ပန်းရနံ့များ၊ ပျားပန်းခတ်မျှ လှုပ်ရှားနေသော ဈေးဝယ်သူများ၊ ပူပူနွေးနွေးစားချင်စဖွယ် အငွေ့တစ်ထောင်းထောင်းနှင့် စားသောက်ဖွယ်ရာများ ရောင်းချနေသည့်
ဈေးဆိုင်ငယ်များ ...စသည် စသည်နှင့် စည်ကားနေသော ဈေးပတ်ဝန်းကျင်အား
ဥဂ္ဂါသဘောကျစွာ ကြည့်နေမိတော့သည်။ငါးရက်တစ်ဈေး ဈေးနေ့ပေမို့အထုတ်ကြီး အထုတ်ငယ်ကိုယ်စီဆွဲကာ ပျော်တပြုံးပြုံးနှင့် ဈေးဝယ်လာကြသော တိုင်းရင်းသူ တိုင်းရင်းသားများမှာ ရိုးသားပွင့်လင်းကြဟန် အပြည့်နှင့်။
ဤနေ့မှပဲ ရာသီဥတုက ခါတိုင်းထက်ပို၍ အေးမြနေလေသည်။
ယခင်နေ့များ၌ မကြုံစဖူး အပူချိန်37 Degreeအထိ စံချိန်ချိုးလောက်အောင် မြင့်တတ်သွားခဲသော်ငြား ယနေ့၌မူ အနည်းငယ်အုံ့မှိုင်းမှိုင်း ရာသီဥတုက လွိုင်လင်မြို့ငယ်အား လွှမ်းခြုံထားလေသောကြောင့် အေးမြချမ်းမြေ့သည့် အငွေ့အသက်တို့က ဥဂ္ဂါစိတ်အား ပို၍ ကြည်လင်နေစေသည်။ထိုအခိုက်မှာပင် ...
''အလုပ်ဆင်းလို့ရပြီသား'' ဟူသောဆိုင်ရှင် အန်တီကြီး၏ စကားသံကိုကြားမိချိန်တွင်တော့ ဥဂ္ဂါအနည်းငယ်အံသြသွားရသည်။ ညနေ၄နာရီသည် ပုံမှန်ဆိုင်ပိတ်
ချိန်မဟုတ်သေး။"အန်တီတို့သွားစရာရှိလို့ ဆိုင်စောပိတ်မလို့'' ဟု ဆက်ပြောလိုက်သည့် စကားအားကြားလိုက်ချိန်၌ ဥဂ္ဂါအနည်းငယ်
ကျေနပ်သွားရသည်။(ညီနဲ့ တစ်နေရာသွားလည်ရင် ကောင်းမလားပဲ)
ဥဂ္ဂါစိတ်ကူးတို့ အသေအချာပင် အကောင်အထည်ပေါ်လာခဲ့ပါသည်။
ဆိုင်ရှေ့မလှမ်းမကမ်ဈေးထဲ၌ ယောင်လည်လည်နှင့်လျှောက်နေသော ဝသုန့်အား ဥဂ္ဂါလှမ်းမြင်လိုက်ရခြင်းကြောင့်ပင်။
YOU ARE READING
Complicated
RomansaWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)