(Zawgyi)
၂နှစ်ခန့်ပင်ကြာခဲ့ပြီ......။
ကျွန်တော်လဲ အခု ၁၀တန်းကျောင်းသားတစ်ယောက် ဖြစ်နေလေပြီ။
အချိန်မည်မျှကြာစေကာမူ သူ့အပေါ်ထားသည့် ကျွန်တော့်ခံစားချက်တွေကတော့ နဲနဲမှ အရောင်မှိန်သွားခြင်းမရှိ။ယမုံ့ကျေးဇူးကြောင့် သူ့အကြောင်းအချို့ ကျွန်တော်သိခွင့်ရခဲ့သည်။
သူက Yangon တက္ကသိုလ်မှာ E-majorကျောင်းသားတစ်ယောက်ဖြစ်နေ
ကြောင်း၊ အနေအေးတည်ငြိမ်သော
ကြောင့် မိန်းကလေးတွေသဘောကျခြင်းကိုခံနေရကြောင်းသိရသည်။
သို့သော် ကံကောင်းစွာပင် သူ့မှာ ချစ်ရသူမရှိသေးဟု သိရစဉ်က ကျွန်တော်သိပ်ပျော်ခဲ့သည်လေ။ဒီ၂နှစ်အတွင်းသူ့ကိုကျွန်တော် မတွေ့ဖြစ်။ ကျွန်တော်ဆုံးဖြတ်ထားသည်။ စာမေးပွဲကို အမှတ်များများရအောင်ဖြေမည်။ YU တတ်မည်။ ဒါဆိုသူနှင့်ခဏလောက်ဖြစ်ဖြစ်တွေ့နိုင်မည်လေ။
ဒီလောက်ပါပဲ။ ဒါထက်ပိုပြီးလောဘမတတ်ခဲ့။ ကျွန်တော့်ကြောင့်သူ စိတ်အနှောက်အယှက်မဖြစ်စေချင်ခဲ့။
နောင်တစ်ချိန် သူလဲ သူ့အလုပ်နှင့်သူ ကျွန်တော်လဲ ကျွန်တော့်လမ်းကျွန်တော်
လျှောက်ကြလျှင် ''သြော် တစ်ချိန်က ငါတို့ တက္ကသိုလ် တစ်ခုထဲမှာ အတူ ပညာသင်ဖူးတာပဲ'' ဟူသော အတွေးက ကျွန်တော့်ကို ပျော်ရွှင် ကျေနပ်စေလိမ့်မည်။ထိုမျှသာမျှော်လင့်ထားသော ကျွန်တော့်ကို ကံတရားက မျက်နှာသာပေးသည်ဟုပင်ဆိုရမလား ကံဆိုးစေသည်ဟု ဆိုရမလားမသိ။ Guideဆရာတစ်ဦးအနေဖြင့်
သူ့ကို ကျွန်တော့်ဆီပို့ပေးခဲ့သည်။ သူ့အနားမှာသာနေရရင် ကျွန်တော် ထပ်ပြီး
်လောဘတတ်မိရင်ဘယ်လိုလုပ်ရပါ့။အခုတောင်ကျွန်တော့်မှာ သူလာမည့် စနေ တနင်္ဂနွေ ကိုစောင့်မျှော်တတ်သောအကျင့်တစ်ခု ရလာခဲ့ပြန်သည်။ .....

YOU ARE READING
Complicated
Roman d'amourWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)