Episode-30

2.1K 162 9
                                        

(Zawgyi)

်​​အေးမြ​နေ​သော ​လေထု၏ အရှိန်​အဟုန်​နှင့်​ တိုးဝင်​တိုက်​ခတ်​​နေမှုက လက်​ရှိအချိန်​နှင့်​အဆက်​အသွယ်​ပျက်​လျက်​ရှိ​သော သင်္ခအားလှုပ်​နှိုးလိုက်​သည့်​နှယ်​...

လေတိုးမှုကြောင့်​စပ်​ဖျဉ်း​နေ​သော မျက်​နှာတစ်​ခုလုံးမှာ စုတ်​ပြတ်​သတ်​​နေပြီဟုပင်​ထင်​မိသည်​အထိ နာကျင်​​နေသည်​။
သတိလည်​လာသည်​နှင့်​ မျက်​ဝန်းတို့အား အားပြုကာ မရမကဖွင့်​ကြည့်​မိချိန်​တွင်​​တော့ အလန့်​တကြားဖြစ်​ကာ သင်္ခနှလုံးခုန်​နှုန်းတို့ အရှိန်​မြင့်​တတ်​လာရသည်​။

လွန်​ခဲ့သည့်​ မိနစ်​ပိုင်းအထိ​မှေးစင်း​နေခဲ့​သော မျက်​ဝန်းတို့မှာ ယခုအချိန်​တွင်​​တော့ ထိတ်​လန့်​အံသြမှု​တို့ကြောင့်​ ​ဘေးပတ်​ဝန်းကျင်​အား ကျီးကန်း​တောင်း​မှောက်​လိုက်​ကြည့်​​နေမိသည်​။

သင်္ခကားတစ်​စီး​ပေါ်တွင်​​ရောက်​​နေခဲ့
သည်​။ အရှိန် မိုင်​ကုန်​နှင့်​​မောင်းနှင်​​နေ​သော ကား​ပေါ်သို့​ရောက်​​နေခြင်းမှာ အံ
သြဖွယ်​မရှိ။
ထူးဆန်းသည်​က ထိုကား​ပေါ်ရှိ driver seatမှာ ​နေရာလွတ်​ဖြစ်​​နေခြင်းပင်​...။
ဆိုးရွားလွန်းစွာပင်​ ​ရှမ်းတောင်​တန်းမြင့်​တို့​ပေါ်ရှိ ​တောင်​ပတ်​လမ်း​ပေါ်၌ ​မောင်းသူမရှိဘဲ အရှိန်​ကုန်​သွား​နေ​​သော ကားသည်​ အချိန်​မ​ရွေး လမ်း​ချော်​ကာ ပြုတ်​ကျမည့်​အ​ရေးနှင့်​ မ​ဝေး​ပေ.....။

ကြောက်​ရွံထိတ်​လန့်​မှုက သင်္ခတစ်​ကိုယ်​လုံးကို လွှမ်းခြုံကာ ​ခြေဖျားလက်​ဖျားတို့​အေးစက်​လျက်​ ​နားထင်​မှချွေးသီး​ချွေး​ပေါက်​တို့က အလိုလို ထွက်​လာ​လေ
သည်​။ သို့​သော်​ ထိုအချိန်​မှာပင်​ ပို၍ ​သွေးပျက်​ဖွယ်​အရာတစ်​ခုကို သင်္ခမြင်​လိုက်​ရသည်​။

ကား​နောက်​ခန်းတွင်​ တစ်​စုံတစ်​​ယောက်​ရှိ​နေခဲ့သည်​။
ထိုသူမှာလဲ အခြားမဟုတ်
သင်္ခတကူးတက လိုက်​ရှာ​ပေး​နေခဲ့သည့်​ ဝသုန်​တို့ မိခင်​ ​ဒေါ်​ဟေမာပင်​......

သင်္ခအံသြစွာနှင့်​ ​ဖြူ​ဖျော့​နေသော သူမ၏မျက်​နှာအား​ကြောင်​​ငေးကြည့်​​နေမိသည်​။ တင်းတင်း​စေ့ပိတ်​ထား​သော မျက်​ဝန်းအစုံနှင့်​ လှုပ်​ရှားမှုတစ်​စုံတစ်​ရာမရှိ​သော သူမသည်​ နာမ်​မရှိ​သော ရုပ်​ခန္ဓာသက်​သက်​ပင်​.....။

ComplicatedWhere stories live. Discover now