(Zawgyi)
<<<လွန်ခဲ့သော တစ်ပတ်ခန့်က
ဆေးရုံအနံအသက်တို့ ဖြတ်ပြေးနေသည့် corridorတစ်လျှောက် အတူယှဉ်လျှောက်လာသည့် ယမုံနှင့် ဝသုန့်အား nurseအချို့က လာရောက်နှုတ်ဆက်ကြသည်။
အပြုံးမမည်သော ခပ်ပါးပါးအပြုံးကိုသာ ဆင်မြန်းထားသော်လည်း ယမုံ့မျက်နှာမှာ အေးချမ်းကြည်လင်နေတတ်သောကြောင့် nurseလေးများက ယမုံ့အား နှစ်လိုကြသည်မှာ မဆန်းပေ။
"အစ်မ မောင်လေးလား?''ဟူသော အ
မေးနှင့်အတူ ရောက်လာသော nurseလေးအား ခေါင်းငြိမ့်ပြုံးပြရင်းသာ ယမုံ
တုံ့ပြန်လိုက်သည်။ဝသုန့်အား ရွှန်းရွှန်းစားစားကြည့်နေသော သူနာပြုလေးအား ''မိုးဝသုန်ပါ''ဟု ဝသုန် နှုတ်ဆက်လိုက်ချိန်တွင်တော့ ထို မိန်းကလေး၏ မျက်နှာမှာ ရုတ်တရက်အံသြသွားဟန်က ထင်ဟပ်လာလေသည်။
Corridorအတိုင်း ဆက်လျှောက်သွားသော ဝသုန်နှင့်ယမုံအား သူမက လည်ပြန်ကြည့်ရင်း စိတ်ထဲခုနေသောအရာတစ်ခုအား တွေးနေမိတော့သည်။
"ဝသုန်ဆိုတာ မိန်းကလေးနာမည်ဖြစ်မယ်ထင်တာ
လူနာ အကိုအမြဲ ယောင်ပြီး ခေါ်နေကြဆိုတော့''
အတွေးတစ်စနှင့်အတူ ခေါင်းအားခပ်ဖွဖွကုတ်မိရင်း dutyကျသည့် wardသို့ သူမအပြေးသွားလိုက်မိတော့သည်။Slide doorအား ခပ်ဖြေးဖြေးဖွင့်လိုက်ချိန်တွင်တော့ အဖြူရောင်တို့ ပြည့်လွှမ်းနေသည့် အခန်းငယ်က ဝသုန့်အားဆီးကြိုနေသယောင်။ ဝင်ရောက်လိုက်သည်နှင့် ဝသုန့်အကြည့်တို့က ခုတင်ထက်၌ ဝသုန်ရှိသည့်အရပ်အား မျက်နှာလွှဲကာ ပြတင်းပေါက်မှ တစ်ဆင့် ပြင်ပပတ်ဝန်းကျင်အား ငေးမောနေသူအား တွေ့လိုက်ရသည်။
ပြန်တွေ့ရတော့မည်မဟုတ်ဟု မှတ်ယူမိခဲ့သူအား ယခုလိုပြန်တွေ့လိုက်ရချိန်၌ အတိုင်းမသိဝမ်းသာမိစိတ်က ဝသုန့်ရင်၌
ဖြတ်ပြေးသွားတော့သည်။
YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)