Episode-35

1.9K 154 4
                                        

(Zawgyi)

"စိတ်​​အေး​အေးထား ဥဂ္ဂါ
ငါစုံစမ်းမှာမို့လို့ မင်းက စိတ်​အ​ခြေအ
နေပြန်​​ကောင်းဖို့အတွက်​ ​အေး​ဆေးကုသမှုခံယူရမယ်​ ဟုတ်​ပြီလား''

နေမာန့်​စကားသံတို့က ​ယခင်​လို​လှောင်​​ပြောင်​ရိပ်​တစ်​စွန်းတစ်​စပင်​ ရှိမ​နေဘဲ ​နွေး​ထွေးကြည်​သာ​နေသည်​။
သို့​သော်​လဲ ထို​နွေး​ထွေးမှုတို့က ဥဂ္ဂါ၏ ​နောက်​ကျိ​နေ​သော စိတ်​အာရုံတို့အား ရှင်းလင်းသွား​အောင်​ မစွမ်း​ဆောင်​နိုင်​​ပေ။

"ဘယ်​သူဖြစ်​နိုင်​ပါလိမ့်​'' ဟူ​သော ​မေး
ခွန်း​ပေါင်းများစွာတို့က ဥဂ္ဂါစိတ်​ထဲတွင်
ပဲ့တင်​ထပ်​​နေ​လေသည်​။

အာရုံ​ထွေပြား​နေ​သော ဥဂ္ဂါတစ်​​ယောက်​ ဒီတစ်​​ခေါက်​တွင်​​​တော့ ​နေမာန့်​​ခေါ်ရာ
နောက်​သို့ မငြင်းဆန်​ဘဲ လိုက်​လာခဲ့မိ
လေသည်​။
.
.
.
.
"Jinan Central Hospita'' ဟူ​သော
အဖြူ​ရောင်​အ​ဆောက်​အဦးသို့ ဥဂ္ဂါ​နေမာန်​နှင့်​​ရောက်​ရှိလာခဲ့သည်​။

ဘယ်​အချိန်​ထဲက​နေမာန်​တစ်​​ယောက်
ကြိုတင်​ပြင်​ဆင်​ထားသည်​လဲ မသိ။ 
ဆေးရုံreceptionတွင်​ တရုတ်​စကားအားကျွမ်းကျင်​စွာ​မေးမြန်း​ပြောဆို​နေသည့်​​နေမာန်​အား
"သူတရုတ်​လို ​တော်​​တော်​ကျွမ်းကျွမ်းကျင်​ကျင်​​ပြောနိုင်​တာပဲ''ဟု ဥဂ္ဂါ​တွေး​နေမိသည်​။

ထို့​နောက်​တွင်​​တော့ ​နေမာန့်​၏​ခေါ်
ဆောင်​ရာမှာ သီးသန့်​အခန်းငယ်​တစ်​ခု။
"Dr.Joseph ......... ''ဟု အစချီ​​ရေးထားထားသည့်​ ဆိုင်းဘုတ်​တစ်​ခုအား အခန်းဝတွင်​ ဥဂ္ဂါဖျက်​ကနဲ​တွေ့လိုက်​ရသည်​။

ဖြူ​ဖွေးသန့်​ပြန့်​​သော duty coatကို သပ်​ရပ်​စွာဝတ်​ဆင်​ရင်း စားပွဲကို လက်​​ထောက်​ထိုင်​​နေ​သော ဆရာဝန်​လူငယ်​တစ်​ဦးက ဝင်​လာ​သော ဥဂ္ဂါတို့အားပြုံး
ပြကြိုဆို​နေ​လေသည်​။

"ကို​နေမာန်​များလား?''ဟု ပီသ​သော
မြန်​မာစကားသံ​ကြောင့်​ ဥဂ္ဂါပင်​ အံသြသွားမိသည်​။

နေမာန်​က ဥဂ္ဂါလက်​အား ခပ်​ဖွဖွကိုင်​ကာ ဆရာဝန်​​ရှေ့ရှိခုံ၌ ထိုင်​ပြီးမှ စကားစလိုက်​သည်​။
"ဟုတ်​တယ်​ခင်​မျ ကျွန်​​တော်​ပို့ထားတဲ့
ဆေးရဲ့ အမျိုးအမည်​ကို ​သေချာကွဲကွဲ
ပြားပြားသိရပြီလားမသိဘူး?''

ComplicatedWhere stories live. Discover now