Episode-36

2K 160 30
                                    

(Zawgyi)

လူတစ်​​ယောက်​မှာ မ​ကောင်းတဲ့စိတ်​​တွေချည်းရှိ​နေတာ မဟုတ်​ပါလား။
ကောင်းတဲ့ စိတ်​လည်းတစ်​ခါတစ်​ရံ
ရှိတတ်​ပါလား။
ဒါဖြင့်​ လူတစ်​​ယောက်​ကို တစ်​ဘဝစာ
မှတ်​ချက်​ချဖို့ အသင့်​​တော်​ဆုံးက ဘယ်​အချိန်​ဖြစ်​မလဲ?

?
?
?

ဆရာမ ဂျူး၏ ''သူမင်းကိုဘယ်​​တော့မှ''
ဟူ​သောစာအုပ်​အား စားပွဲ​ပေါ်တွင်​ ​တွေ့လိုက်​သည်​မို့ လှန်​​လှော ဖတ်​ရှု​နေ
မိရင်း ထို​နေရာ​လေးအ​ရောက်​တွင်​ စာအုပ်​ကို ပိတ်​လိုက်​ကာ ဝသုန့်​အ​တွေးတို့က ချစ်​ရသူထံသို့ ကူးလူးပျံသန်းသွား​တော့သည်​။

ဝသုန်​ စွဲမှတ်​ယုံကြည်​မိသည့်​ အရာတစ်​ခုက​တော့ ဥဂ္ဂါသည်​ ဝသုန့်​ကမ္ဘာ
္ဘအတွက်​ 'ပြီးပြည့်​စုံခြင်း' ဟူ​သော​ဝေါဟာရအား ဖွင့်​ဆိုပြ​ပေးသည့်​ လူသား
တစ်​ဦးဖြစ်​သည်​။

နူးညံ​သောစိတ်​ထားပိုင်​ရှင်​ ဥဂ္ဂါမှာ​တော့ မ​ကောင်းတဲ့စိတ်​ဟူသည်​မှာ မြူမှုန်​မျှ
လောက်​ပင်​ ရှိမ​နေနိုင်​ဟု ဝသုန်​​ယုံကြည်​သည်​။ 

ထို့​ကြောင့်​ပင်​ အချိန်​မည်​မျှကြာ​စေကာမူ.....
ဥဂ္ဂါအားစ​တွေ့ချိန်​မှစ၍ ယခုထိတိုင်​ တစ်​​ရွေးသားမျှ​လျော့ပါးသွားခဲ့ခြင်းမရှိ​သော ချစ်​ခင်​မှုအ​ပေါ်တွင်​ ဝသုန့်​အား စိတ်​ခွန်​အား​ပေးကာ လမ်းညွှန်​​ပေးနိုင်​သည့်​ သူ့စကားတို့​ကြောင့်​ ဖြစ်​တည်​လာ​သော​လေးစားသမှုအား
ပေါင်းစပ်​မိ​သောအခါ .....

ထုထည်​ကြီးမားလှ​သော ​မေတ္တာတရားတို့နှင့်​ ဝသုန်​ဥဂ္ဂါအားမြတ်​နိုးဆဲ မြတ်​နိုးလျက်​ပင်​ရှိ​သေးသည်​။

ဥဂ္ဂါအ​ကြောင်း​တွေး​နေချိန်​ဆို ဝသုန်​ကိုယ်​တိုင်​ပင်​ မသိလိုက်​ဘဲ နှုတ်​ခမ်းအစုံတို့ တွန့်​ချိုးကာ ပြုံးမိလျက်​သားဖြစ်​​နေ
တော့သည်​။
ထို့​နောက်​ ဝသုန်​phoneကို ဖွင့်​ကြည့်​မိချိန်​တွင်​​တော့ ဥဂ္ဂါထံမှ ဝင်​ထားသည့်​ msgများအား​တွေ့လိုက်​ရသည်​။

"​နောက်​လ ၄ရက်​နေ့ကြရင်
ကိုယ့်​ကို လာကြိုမယ်​မဟုတ်​လားညီ''

ComplicatedWhere stories live. Discover now