Episode-31

2.3K 161 14
                                        

(Zawgyi)

"အားလုံးစိတ်​တိုင်းကျဖြစ်​လာ​တော့
ကျေနပ်​ရဲ့လားဥဂ္ဂါ?''

ဆိမ့်​သက်​​သောCoffeeတစ်​ခွက်​အား အရသာခံ​သောက်​​နေရင်း TVမှ လာ​နေ​သော သတင်းကို စိတ်​ပါလက်​ပါနား​ထောင်​​နေသည့်​ ဥဂ္ဂါအား ​နေမာန်​​မေး
လိုက်​သည်​။

ဥဂ္ဂါကို ​ကျေနပ်​​နေ​စေသည့်​ သတင်းမှာ အခြား​တော့မဟုတ်​.....
ဒေါ်​ဟေမာနှင့်​ သင်္ခယာတို့ ၏ မ​တော်​တဆဖြစ်​ရပ်​အ​ကြောင်းထုတ်​လွှင့်​​နေ​သောသတင်းပင်​....။

ထိုသို့ ပိရိ​သော မ​တော်​တဆမှု ဖြစ်​​အောင်​လဲ ​နေမာန်​ အ​တော်​စိတ်​​ရောလူပါ နှစ်
ပြီး စီစဉ်​ခဲ့ရသည်​။
အမှုစစ်​ဌာနမှ တာဝန်​ရှိပုဂ္ဂိုလ်​တို့မှစ၍ မှုခင်းဆရာဝန်​တို့အထိပါ မက်​လုံးကြီးကြီး​ပေး၍ ကိုယ်​ဖြစ်​​စေချင်​သည့်​ အစီအစဉ်​အား ​ပြောပြကာ သိမ်းသွင်းခဲ့ရ
သည်​။

cctvမှတ်​တမ်းတင်​မထား​သော လမ်းကို​ရွေးပြီး​ ကားကို breakကြိုး ဖြတ်​၍ လွှတ်​​ပေးလိုက်​ခြင်းဖြစ်​​သော​ကြောင့်
အကယ်​၍ သင်္ခယာ့မိသားစုမှ စစ်​​ဆေးလိုသည်​ဆိုလျှင်​​တောင်​ မရိပ်​မိ​စေ​အောင်​ ​နေမာန်​စီစဉ်​ထားခဲ့သည်​။

ထို့​ကြောင့်​ပင်​ ဥဂ္ဂါအား​ကျေနပ်​ရဲ့လားဟု ​မေးမိခြင်းပင်​.....။

နေမာန့်​အားတစ်​ချက်​​စောင်းငဲ့ကြည့်​ကာ ပြုံး​ထေ့​ထေ့မျက်​နှာနှင့်​ ဥဂ္ဂါ​ခေါင်းကို
ဆက်​ကနဲ ငြိမ့်​ပြလိုက်​သည်​။
ဤသည်​က ​နေမာန့်​ကို ဥဂ္ဂါစပြုံးပြမိ
သည့်​ ရှားရှားပါးပါးအချိန်​ဖြစ်​နိုင်
သည်​။

ပူပူ​နွေး​နွေးcoffeeခွက်​ကို ကိုင်​ထားရာမှချလိုက်​ပြီး ဥဂ္ဂါသိလို​သော အရာကို
နေမာန့်​အား​မေးမိသည်​...
"မင်း ဒီကိစ္စကို ဘာလို့ငါ့ကို မလုပ်​ခိုင်းတာလဲ​နေမာန်​?
ငါ သင်္ခယာရှိ​နေတဲ့အခန်းကို ​မေ့​ဆေးလွှတ်​​ပေးရတာကလွဲရင်​ ဘာမှ​တောင်
မလုပ်​လိုက်​ရဘူး....
မင်းရန်​ကုန်​မှာထဲက အ​သေအချာ ကြိုတင်​ပြင်​ဆင်​လာတာပဲ''

ဥဂ္ဂါ၏​လေသံမှာ အားမရဟန်​ အနဲငယ်​​ပျော်​ဝင်​​နေသည်​ကို ​နေမာန်​ အကဲဖမ်းမိလိုက်​သည်​။

ComplicatedWhere stories live. Discover now