(Zawgyi)
<<လွန်ခဲ့သော၂နှစ်
"Daddyရေ ဝသုန်ဒီလလဲ စာမေးပွဲမှာ englishစာ C ရပြန်ပြီ'' အိမ်ထဲမရောက်ခင်အသံနှင့်ဆီးအော်ပြီး ကျွန်တော့်ကိုအရှက်ခွဲသော ယမုံ
Daddyက ဖတ်လက်စစာအုပ်ကိုချပြီးကျွန်တော့်ကိုကြည့်သည်။
"တခြားဘာသာရပ်တွေရောဘယ်လိုလဲသား?''
Englishသိပ်ညံ့သောကျွန်တော့ကို Englishစာအသင်အပြကောင်းသည်ဟူသောကျူရှင်မျိုးစုံပြောင်းထားပေးသည့် daddyကိုလဲကျွန်တော်အားနာလှသည်။
"ဟို တခြားဘာသာတွေတော့ Aရပါတယ် daddy''
ယမုံကတော့ မေးစရာပင်မလို မြောက်ကြွမြောက်ကြွနှင့်ဝင်လာသည်မို့ ဘာသာစုံAရမှန်းသိသာသည်လေ။
အရင်စိတ်နဲ့ဆို ကျွန်တော့်ကို Daddy
စိတ်တိုပြီး ရိုက်မှာဆိုပေမယ့် ခုတော့ သူလဲလက်လျှော့ထားပုံရသည်။Daddyက ကျွန်တော့ကိုကြည့်ရင်း
"တခြားဘာသာတွေအဆင်ပြေတာပဲသားရယ် ပြီးတော့ C ဆိုတာ ကျတာမှမဟုတ်သေးဘဲ ကြိုးစားကြည့်လိုက်ဦး''"ဟုတ်ကဲ့''
ကျွန်တော်ပြန်ဖြေရင်း အခန်းထဲဝင်လာခဲ့သည်။အခန်းထဲမှာ ကိုယ့် report cardကိုယ်ကြည့်ရင်းစိတ်တွေတိုနေမိသည်။
English စာဆိုသည်မှာလဲကျွန်တော်နှင့်မဟာရန်သူလို့ပင်ဆိုရလောက်သည်
သချာင်္ပုစ္ဆာတွေဆို ဘယ်လောက်များများစိတ်ရှည်လက်ရှည်တွက်နိုင်စဉ်းစားနိုင်သောကျွန်တော်သည် Englishကိုတော့ အခြေခံထဲကပင်စိတ်မဝင်စားခဲ့သောကြောင့် အခု ၈တန်းနှစ်တွင်
အတော့်ကို ဒုက္ခရောက်လှသည်။အထူးသဖြင့် Essay Letterရေးရချိန်မျိုး ......
ခေါင်းစဉ်ပေးလျှင် အကြောင်းအရာကိုလိုက်ဖက်ညီအောင် အနဲငယ်စဉ်းစားတတ်ပေမယ့် English လိုချရေးရင်ဘယ်ကစလို့ စရမှန်းပင်မသိတော့။
YOU ARE READING
Complicated
RomanceWe could love... Yet we couldn't give our hearts to the right person. It's my very first creation. Both zawgyi font & unicode versions are included (>‿♥)