ဒီလိုမျိုး အဖြစ်မျိုးက ပထမဆုံးပါ
နည်းနည်းတော့ စိုးရိမ်မိပေမဲ့
ကျွန်တော် ခင်ဗျားဆီ မရောက်ရောက်အောင်
လာခဲ့ပါ့မယ် ။SWEET MEMORIES WITH HIM
||MEMORIES ||
မနက်ပိုင်း အတန်းချိန်တွေဖျက်ပြီး မင်ဆော့ရဲ့ကျောင်း
ကို သွားနိုင်ဖို့ ဆယ်ဟွန်းကို ပြောကြည့်တာ တခါထက်
ပိုမပြောရ ။ နှစ်ယောက်သား ကျောင်းယူနီဖောင်းနဲ့ပင်
မင်ဆော့ရဲ့ကျောင်းဆီ ချီတက်ခဲ့တော့သည် ။ ဘတ်စ်
ကားပေါ် ထိုင်လိုက်လာတဲ့တလျှောက်လုံး ယောလ်ရဲ့
အကောင့်ထဲကိုပဲ ထပ်တလဲလဲ ဝင်ကြည့်နေမိခဲ့သည်။
သူ ကျွန်တော့်အကောင့်ကို လက်မခံသေးတာကြောင့်
စိတ်မကောင်းဖြစ်ရသည်ကလဲအမော ။ကျောင်းဝမှာ လာကြိုပေးတဲ့ မင်ဆော့ ။ ကျွန်တော်နဲ့
ဆယ်ဟွန်းက ကိုယ့်ကျောင်းယူနီဖောင်းကြီးနဲ့ သူများ
ကျောင်းထဲ ဝင်လာရတာ နည်းနည်းတော့ ရှိုးတိုးရှန်းတန်းဖြစ်မိပေမဲ့ သိပ်ပြီးတော့လဲ အာရုံမစိုက်
အား ။ ကျွန်တော် အလေးပေး မြင်သူကိုသူသာ မြင်ရ
ဖို့ပင် စိတ်ထဲစောနေမိသည် ။" သူ ကျောင်းကို ရောက်နေပြီလား မင်ဆော့ရှီး "
ကျွန်တော် မနေနိုင်စွာပဲ ထုတ်မေးလိုက်မိတော့ အို
ဆယ်ဟွန်းက ထရယ်တယ် ။" ကျွန်တော်တော့ မတွေ့မိသေးဘူး "
ကျွန်တော်တို့် ယူနီဖောင်းကြောင့် ကွက်ကြည့်ကွက်
ကြည့်လုပ်သွားတဲ့ ဒီကျောင်းကလူတွေကြောင့် နည်း
နည်းလဲ အနေခက်ရသေးသည် ။ တချို့မိန်းကလေး
တွေရဲ့အကြည့်တွေကိုလဲ ကျွန်တော် သဘောပေါက်မိ
သည် ။ ကျွန်တော်လဲ ရုပ်ဆိုးတဲ့အထဲမှာမှ မပါတာ ။" ကော်ဖီသောက်ပါဦးလား ဘတ်ဟျွန်းရှီး "