အိပ်ယာထက်က ဖုန်းလေးဆီ စာတွေ အဆက်မပြတ်
ဝင်လာနေတာကို အိပ်ယာစွန်းမှာ ကျောပေးထိုင်နေ
တဲ့ ဘတ်ဟျွန်းက လစ်လျစ်ရှူထားတယ် ။ အဆက်မ
ပြတ်ဝင်လာနေတဲ့ စာတွေ ၊ ဖုန်းခေါ်ဆိုမှုတွေက သေ
ချာပေါက် ဆယ်ဟွန်းနဲ့မင်ဆော့ဆီကပဲ ဖြစ်လိမ့်မယ်။ဘတ်ဟျွန်း ဒီနေ့ ကျောင်းမသွားခဲ့ဘူး ။ အဖေ အမေ
မရှိ ၊ တိတ်ဆိတ်နေတဲ့ အိမ်ထဲမှာ ဘတ်ဟျွန်းက
တော်တော်လေး ဖျားနေတယ် ။ ဖြူဖျော့နေတဲ့ နူတ်
ခမ်းတွေ ၊ နာနေတဲ့ လည်ချောင်းထက် သူ့နှလုံးသား
က နာကျင်မှုပိုသည် ။ ကုတင်စွန်းမှာ ငြိမ်ငြိမ်သက်
သက်ထိုင်နေပြီး ခေါင်းငိုက်စိုက်ကျကာ မျက်ရည်စက
ကြမ်းပြင်ထက် ပေါက်ခနဲ လွှင့်စင်ကျလာသည် ။ ပူ
လောင်နေတဲ့ အဖျားအပူရှိန်က ကိုယ်တွင်းမှာ မီး
တောက်လောင်နေသည့်နှယ် နေရခက်လှ၏ ။ မနက်
စောစောထဲက အလုပ်သွားတဲ့ အဖေ ရယ် ၊ အမျိုးတွေ
ဆီ အလည်သွားတဲ့အမေက ဘတ်ဟျွန်း ဖျားနေတာကို
မသိခဲ့ကြဘူး ။ဘာမှလဲမစားရသေးသလို ၊ ဘာဆေးမှလဲ သောက်ဖို့
ဘတ်ဟျွန်းက အစီအစဉ်မရှိဘူး ။ ကြောက်ရွံ့ စွာနဲ့ သူ
က သူ့ရဲ့ဖုန်းကို ကျောခိုင်းကာ လစ်လျစ်ရှူ့ ထားတယ်၊တောင်းပန်ပါတယ် ။ ချန်းယောလ်ရဲ့သဘောမပါဘဲ
ကျွန်တော်က ကျွန်တော့်စိတ်ထဲမှာ ကိုယ်တိုင် ကြိုးတွေ
ချည်နှောင်ပစ်ခဲ့ပြီး လောဘတွေကြီးခဲ့မိတယ် ။နာကျင်
တယ် ချန်းယောလ် ။ အသိအမှတ်မပြုပေးတဲ့ ဂရုစိုက်
မှုတွေ ၊ အသွားအလာမရှိတဲ့ မေတ္တာတွေကြားမှာ လစ်
လျုရှုခံရခြင်းတွေနဲ့ ကျွန်တော်က သိပ်ကိုနာကျင်နေရပြီး
နေသားမကျသေးဘူးထင်တယ် ။ကျွန်တော်က ချန်းယောလ် ပျော်နေတာမြင်ချင်တဲ့ သူ
ဟုတ်ပေမဲ့ ဒီလိုမျိုး မိန်းကလေးတယောက်နဲ့တော့ မ
ဟုတ်ဘူးလေ ။ ကျွန်တော်ကပဲချစ် ၊ ကျွန်တော်ကပဲ ဂရု
စိုက်ပေးနေရရင် ပျော်နေနိုင်မယ်ထင်ရပေမဲ့ တကယ်
တမ်းတော့ ကျွန်တော်က လောဘတွေသိပ်ကြီးလာမိ
တယ် ။ မဖြစ်နိုင်တဲ့ အချစ်တွေကို ပြန်မျှော်လင့်မသွား
တယ်။ ကျွန်တော့်ကို ကျွန်တော်ကိုယ်တိုင်ကပဲ နာကျင်
အောင် လုပ်နေခဲ့မိတာ ။