ကျောင်းပိတ်ရက် ဘိုးဘွားရိပ်သာကို သွား,သွားနေရ
တာကို ဘတ်ဟျွန်းမှာ တော်တော်လေး သဘောတွေ့
နေသည် ။ အကြောင်းရင်းက တယောက်သောသူ
အား တွေ့ခွင့် ၊ မြင်ခွင့် ရရှိသည်ကြောင့်သာ ။ စကား
ပြောခွင့် မရှိလာသေးပေမဲ့ တွေ့နေခွင့်ကြောင့် ပိုလို့
ကျေနပ်မိပါသည် ။ တကြိမ်တခါလေးသာ တွေ့ခဲ့ပြီး
ဝေးသွားမဲ့ အခြေအနေထက် တပါတ်တခါ တနေရာထဲ
မှာ တွေ့နေ ၊ မြင်နေခွင့် ရထားတာ ဘယ်လောက်
ကောင်းလိုက်တဲ့ အခွင့်အရေးလဲ ။အဘိုးအဘွားတွေကို ဂစ်တာတီးပြီး သီချင်းဆိုပြတတ်
တဲ့ ယောလ်ကို ငေးကြည့်ခွင့်ရပြီး ၊ နားထောင်ခွင့် ရ
နေတာက ကျွန်တော့်အတွက် မပြောပြတတ်လောက်
တဲ့ ကံကောင်းမှုကြီးပေါ့ ။ယောလ်က ဂစ်တာအိတ်ကို လွယ်ပြီး ထွက်အလာ ခိုး
ငေးကြည့်နေမိတဲ့ ကျွန်တော့်မျက်လုံးတွေနှင့် ယောလ်
အကြည့် တည့်တည့်တိုးတော့သည် ။ ခိုးငေးနေသူက
ကျွန်တော်မို့ မလုံမလဲစိတ်တွေနဲ့ ကပြာကယာ အကြည့်
လွှဲလို့ ထိုနေရာကနေ မပြေးရုံတမယ် ခက်သွက်သွက်
ခြေလှမ်းတွေနှင့် ထွက်ပြေးလာခဲ့မိတော့သည် ။ ကျွန်
တော့် ရင်ဘတ်ထဲက ခုန်ပေါက်နေသံတွေက မဖုံးနိုင်
မဖိနိုင်အောင် အရမ်း အသံကျယ်လွန်းတယ်လို့တောင်
ထင်မိတယ် ။အဲ့ဒီလောက်ထိ ကျွန်တော် သဘောကျခဲ့တာပါဗျာ ။
" ဘတ်ဟျွန်းရှီး ဒီဘက်ကို ခဏလာကူပေးပါဦး "
တယောက်ယောက်ရဲ့ အကူညီတောင်းသံကြောင့် ခြေ
လှမ်းတွေ ခက်သွက်သွက်လှမ်းရင်း သွားလိုက်တယ်။
” ထယ်ရာ ” ဆိုတဲ့ ကောင်မလေးက အဘွား တစ်
ယောက်ကို တွဲဖို့ လုပ်နေတာမို့ ပြာပြာသလဲ ပြေးကူ
လိုက်တယ် ။" ဟိုဘက်အဆောင်ကို ပို့ပေးပါနော် ဘတ်ဟျွန်းရှီး
အဖွားက နေသိပ်မကောင်းဘူး ပြောနေလို့ "နေမကောင်းတဲ့ အဖွားကို ဂရုတစိုက်တွဲကူပြီး အဖွား
နေတဲ့ အဆောင်ဆီကို ဖြေးဖြေးချင်း လမ်းလျှောက်
ကာ ခေါ်လာခဲ့လိုက်သည် ။ ထယ်ရာကလဲ ဘေးက
နေ တဖြေးဖြေးချင်း လျှောက်ကာ လိုက်ပါလာတယ် ။
အဖွားနေတဲ့ အခန်းထဲရောက်တော့ အသင့်ရောက်နေ
တဲ့ ဆရာဝန်တဦးရယ် ၊ ပြီးတော့ ယောလ် ရယ် ။