ဒီနေ့က ဘတ်ဟျွန်း စောင့်မျှော်နေတဲ့ ပိတ်ရက်လေး ။
မေမေက ရှပ်အင်္ကျီအဖြူလက်ရှည်ကို ကျကျနန လာ
ဝတ်ပေးနေထဲက ဘတ်ဟျွန်း စိတ်ညစ်နေပြီ ။ ဒီနေ့မှ
တူလေးရဲ့ မွေးနေ့ဖြစ်နေတော့ ဒီမွေးနေ့ပွဲကို အတူ
သွားဖို့ မေမေက ပြင်ဆင်ပေးနေတယ် ။ သိပ်ပြီး ဝတ်
လေ့ဝတ်ထမရှိတဲ့ ရှပ်အင်္ကျီလက်ရှည်ကို မခေါက်တင်
ထားရတော့ ဘတ်ဟျွန်း နေရလဲခက်နေသေးသည်။" ပွဲက ဘယ်ချိန်ထိ လုပ်မှာလဲ မေမေ သားသွားစရာ
လဲရှိပါသေးတယ်ဆို နောက်ကျတော့မှာ မေမေရ "" ဒီနေ့လေးတော့ မသွားပါနဲ့တော့ ကိုယ့်တူလေးမွေး
နေ့ပဲ သွားသင့်တယ်လေ သားငယ်လေးရဲ့ "ဘတ်ဟျွန်းရဲ့မေမေကလဲ သူ့ရဲ့တဦးတည်းသော
သားငယ်လေးကို ချော့မော့ပြောယူနေတယ် ။ ပုပ်သိုး
သိုး မျက်နှာလေးက အလိုမကျဖြစ်သွားမှန်း သိပေမဲ့
ဒီလိုပွဲမျိုးမှ မသွားရင်လဲ မကောင်းတတ်ဘူးလေ ။ ဒီ
တူလေးကို ချစ်လှပါချည်ရဲ့ဆိုပြီး မွေးနေ့ပွဲလေးကျ
တော့ မသွားချင်လို့ မျက်မှောင်ကြုတ်နေတယ်တဲ့လား။" လာ သားငယ် စူပုပ်ကောက်ချိတ်မနေနဲ့ အောက်မှာ
မင်းဖေဖေက စောင့်နေတာ "သားတော်မောင် အကောက်ကလေးရဲ့လက်ကိုတွဲခေါ်
ပြီး အောက်ထပ်ကို ခေါ်ဆင်းလာခဲ့ရသည် ။ နာရီဝက်
ကြာအောင် ကားနဲ့သွားပြီးမှ မွေးနေ့ပွဲကို ရောက်တယ်
သားတော်မောင်ကတော့ နာရီတကြည့်ကြည့်နဲ့ခြေလှမ်း
တွေက တုံ့နှေးတုံ့နှေးလဲ လိုက်ပါလာတယ် ။" ကလေးကိုလဲ သွားချီလိုက်ဦးလေ နေရာမှာပဲ ထိုင်
မနေနဲ့ သားငယ် ဒီလိုကြီးမျက်နှာထားမလုပ်စမ်းနဲ့ "ဒီပွဲမှာ ဘာမှမဟုတ်ဘဲ ထိုင်နေရတာ ၁၀ နာရီတောင်
ထိုးတော့မယ် ။ ဘတ်ဟျွန်းမှာ လက်က နာရီကို တ
ကြည့်ကြည့်လေးနဲ့ လက်သီးဆုပ်က ပေါင်ကို တဆတ်
ဆတ်ထုပြီး ထိုင်မရ ထမရ ဖြစ်နေတယ် ။ ဆယ်နာရီ
ခွဲလောက်ကျတော့ လုံးဝငြိမ်ငြိမ်လေး သူ ထိုင်မနေ
နိုင်တော့ဘူး ။ တပါတ်မှာ ဒီတနေ့လေးပဲ သူနဲ့ တွေ့ရ
တာကို ဒီလိုလက်လွတ်ခံလိုက်လို့တော့ ဘယ်ဖြစ်မလဲ။