တက်ကြွနေတဲ့ ဘတ်ဟျွန်းက တက္ကသိုလ်ကို အလည်
လာဖို့ မင်ဆော့ နှစ်ခါခေါ်စရာမလိုအောင်ပင် ရယ်ရယ်
မောမောလေးနဲ့ ရောက်ချလာသည် ။ မင်ဆော့တို့ဆီ
အလည်သွားရင် သူနဲ့တွေ့နိုင်တာမို့ လွယ်အိတ်ဆွဲပြီး
အပြေးလေး ထထွက်လာခဲ့သည် ။ တက္ကသိုလ်ဝင်းထဲ
ရောက်တာနဲ့ မျက်လုံးတွေက ဂနမငြိမ်နိုင်အောင်လိုက်
ရှာမိလေတော့ ဆယ်ဟွန်းက လှောင်ရယ်သေးတယ်။တူညီယူနီဖောင်းတွေကြား သူတို့လိုက်ရှာရတာ ထင်
သလောက်တော့မလွယ် ။အရပ်ရှည်ရှည်နဲ့ကျောင်းသား
တွေများ တွေ့လိုက်ရရင် သူများလားလို့ လိုက်ကြည့်ရ
တာလဲ ခေါင်းတွေက ယမ်းခါနေသည် ။" ရှာမနေနဲ့ ချန်းယောလ်ရှိတဲ့နေရာကို ငါတို့တွေ့ထား
တယ် မင်းအတွက်ပဲ ကြိုတင်ရှာပေးထားတာ ဂနာငြိမ်
ငြိမ်နေစမ်း စေတနာမရှိအောင်မလုပ်နဲ့ "" ဆယ်ဟွန်း မင်းအတော်ဆုံးပဲ သိလား "
ဆယ်ဟွန်းက လက်ကြီးပိုက်ပြီး မျက်စောင်းရွယ်သွား
သေးတယ် ။ ဆယ်ဟွန်းရုပ်က ရယ်ချင်စရာကြီး ဖြစ်နေ.တော့ ဘတ်ဟျွန်းကော မင်ဆော့ပါ ပြိုင်တူထရယ်ကြ
တယ် ။ ဆယ်ဟွန်း ခေါ်သွားပေးတဲ့ နေရာက အပင်
တပင်အောက်က ခုံတန်းဆီ ။" ဟိုးဘက်မှာ တွေ့လား မင်းရဲ့လူက ၊ သူ့သူငယ်ချင်း
တွေ ရောက်နေကြတာ မနက်ပိုင်းထဲကပဲ "ဆယ်ဟွန်း မေးငေါ့ပြရာသည် တဖက်က တန်းစီစိုက်
ထားတဲ့ အပင်ပုပုလေးတွေနောက်က ခုံတန်းမှာ ထိုင်
နေတဲ့ ကျောင်းသားအဖွဲ့တွေဆီ ။ ခုံမှာ မထိုင်ဘဲ မတ်
တပ်ရပ်နေတဲ့သူ့ကို ကျွန်တော် ကောင်းကောင်းမြင်နေရ
တယ် ။ သူ့သူငယ်ချင်းနှစ်ယောက်က တခြားတက္ကသိုလ်
က ဖြစ်တဲ့ပုံပေါ်သည် ။ မတူညီတဲ့ယူနီဖောင်းတွေနဲ့
သူတို့က ချန်းယောလ်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ
ဖြစ်တဲ့ပုံပဲ ။ စိတ်လွတ်လက်လွတ် ဟာသတွေ ပြောပြီး
အားရပါးရကို ရယ်မောနေတဲ့သူ့ကို မြင်လိုက်ရတာ
ကျွန်တော့်အတွက် ပုံစံအသစ်အဆန်းပဲ ။ဒါက ကျွန်တော် မသိတဲ့ သူ့ရဲ့ပျော်ပျော်နေတတ်တဲ့ပုံစံ
လား ။