ပြတင်းတံခါးကနေတဆင့် အပြင်ဘက်က သည်းသည်း
ထန်ထန်ရွာနေတဲ့ မိုးစက်တွေကို ငေးကြည့်ရင်း
ဘတ်ဟျွန်းရဲ့လက်ထဲမှာ ကော်ဖီပူပူလေး တစ်ခွက် ရှိ
နေတယ် ။ ရေချိုးပြီးပြီးချင်း အနွေးအင်္ကျီလေး ထပ်
ဝတ်ထားပြီး မိုးစက်သံတွေကို နားစွင့်ရင်း ပူပူနွေးနွေး
ကော်ဖီအရသာက နွေးထွေးစေသည် ။ မျက်စိရှေ့က
စားပွဲပေါ်တင်ထားတဲ့ ဖုန်းလေးထဲမှာ " နွေးနွေးထွေး
ထွေးနေ " ဆိုတဲ့ စာလေးတစောင် ဝင်နေခဲ့တယ် ။ပြန်စာမရှိတာ နာရီဝက်လောက်ကြာနေပြီဖြစ်တော့ တ
ဖက်လူ ဘယ်လိုခံစားနေရမလဲ ။ ဒီကောင်လေးက
ပြန်စာပို့ဖို့ကို ကြောက်ရွံ့ နေပုံပေါ်တယ် ။ တိတ်တိတ်
ဆိတ်ဆိတ်လေးနဲ့ ကော်ဖီခွက် ပူပူနွေးနွေးလေးကို
လက်နှစ်ဖက်စလုံးနဲ့ ကိုင်ထားပြီး အပြင်ဘက်က မိုးရေ
တွေကို ငေးသည် ။အခန်းထောင့်မှာ အခြောက်ခံထားတဲ့ ဖွင့်လျက်သား
ထီးလေးတချောင်းရှိနေခဲ့တယ် ။ ကော်ဖီခွက်ထဲက
ကော်ဖီ ကုန်သွားတဲ့အခါ အိပ်ယာပေါ် လှဲအိပ်လိုက်ပြီး
နားကြပ်တပ်ကာ မျက်လုံးတွေကို မှိတ်ပစ်လိုက်တယ်။မိုးက တညလုံးနီးပါး သည်းသည်းထန်ထန် ရွာချခဲ့တယ်၊
မနက်ခင်း အိပ်ယာနိုးတော့ အေးစိမ့်စိမ့် ရာသီဥတု
ကြောင့် အိပ်ယာပေါ်မှာ စောင်ခြုံပြီး ခဏငြိမ်နေလိုက်
သေးတယ် ။ခဏကြာတော့ အိမ်အောက်ထပ်က မေမေ့
အသံကြားတော့မှ အိပ်ယာပေါ်က အလူးအလဲထပြီး
အလုပ်သွားဖို့ ပြင်ဆင်ဖြစ်တယ် ။ ပြာပြာသလဲ ရေချိုး
ပြီး အဝတ်အစားဝတ် ၊ အိပ်ယာပေါ်က ဖုန်းကိုပြေးယူ
တော့ နောက်ထပ် စာတစောင်က ဝင်နေခဲ့သည် ။" ဒီမနက် မိုးလေဝသသတင်း ကြည့်လိုက်တယ် ။
မိုးရွာဦးမယ်တဲ့ ထီးယူဖို့မမေ့နဲ့နော် ဘတ်ဟျွန်းနီ "တဲ့၊ဘတ်ဟျွန်းက အဲ့ဒီစာလေးကို အကြာကြီးငေးစိုက်
ကြည့်နေပြီးတော့မှ အံဆွဲထဲက သူ့ထီးလေးကို ပြေး
ထုတ်တော့ နောက်ထပ် ထီးအနက်လေးတချောင်းကို
သူ တွေ့လိုက်တယ် ။ သူ ခေါင်းစောင်းငဲ့ကြည့်လိုက်
တော့ အခန်းထောင့်မှာ ဖွင့်လျက်သားရှိနေတဲ့ နောက်
ထပ်ထီးလေးတချောင်းက ရှိနေပြန်သည် ။