အားကုန်သုံးလို့ပြောလိုက်ရတဲ့ ဝန်ခံစကား ၊ နူတ်ခမ်း
တွေကို တင်းတင်းစေ့ကာမောဟိုက်နေတဲ့ အသက်ရှူ
သံပြင်းပြင်း နဲ့ စိတ်တွေလှုပ်ရှားနေတယ် ။ သူ့ရဲ့လက်
ကို မလွတ်မိဘဲ ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ သူ့
မျက်နှာကိုကြည့်ရင်း အတိုင်းမဆမရှိ ရင်ခုန်သည် ။ဒီ
လိုနေ့အတွက် လွန်ခဲ့တဲ့နှစ်နှစ်ထဲက ကျွန်တော် မျှော်
လင့်ပြီး ရူးသွပ်ခဲ့ရသည် ။ သူ့နူတ်ခမ်းတွေ ဖွင့်ဟလို့
ထွက်လာတဲ့ စကားတခွန်းကို ကျွန်တော် ရင်ဘတ်
တခုလုံး ပေါက်ကွဲထွက်မတတ် စိတ်လှုပ်ရှားနေတယ်။ကျေးဇူးပြုပြီး မင်း ငါ့ကို တခုခုတော့ ပြန်ပြောပေးပါ။
ဒီလိုအခြေအနေမှာ ငါ့စိတ်က ပုံမှန် မဟုတ်တော့ဘူး။
ကြားရလား ၊ ခံစားမိလား ။ ငါ စိတ်တွေ လှုပ်ရှားနေ
တယ် ။ ပုံမှန်မဟုတ်တဲ့ ငါ့ရင်ခုန်သံတွေ မင်း ကြားနေ
ရလား ။" ကျွန်တော် ချန်းယောလ်ကြောင့် ထပ်ပြီး မနာကျင်
ချင်တော့ဘူး " တဲ့ ။ကျွန်တော့်လက်ထဲက လွတ်ထွက်သွားတဲ့ သူ့လက် ၊
ကျောခိုင်းသွားတဲ့ သူ့ရဲ့ကျောပြင် ၊ အရာအားလုံးက
ပြန်လည်အသက်ဝင်လာခဲ့သည် ။ တဖြေးဖြေး ဝေးကွာ
သွားတဲ့ သူ့ကျောပြင်ကို ငေးကြည့်ရင်း ကျွန်တော်
ကျောက်ရုပ်တရုပ် ဖြစ်ကျန်ရစ်ခဲ့သည် ။ မှုန်ဝါးလာတဲ့
သူ့ပုံရိပ် ၊ ပါးပေါ် စီးကျလာတဲ့ ပူပူနွေးနွေး မျက်ရည်
စီးကြောင်းတွေ ။ငါ မင်းကို ဆုံးရှုံးရမှာကို သေမလောက် ကြောက်တယ်။
မိနစ် ၂၀ ၊ နာရီဝက် ကျွန်တော် သူထားရစ်ခဲ့တဲ့ အဲ့ဒီ
နေရာမှာပဲ တိတ်တဆိတ် ကျန်ရစ်နေခဲ့တယ် ။ အစိတ်
စိတ်အမွှာအမွှာ ကွဲကြေနေတဲ့ နှလုံးသားက သိပ်ကို
နာကျင်ပင်ပန်းနေတယ် ။ ဖြတ်သန်းသွားလာနေတဲ့ လူ
အများကြား ကျွန်တော်က အသက်မဲ့နေတဲ့ လူ တစ်
ယောက်လို လှုပ်ရှားခြင်းမရှိဘဲ တိတ်ဆိတ်နေခဲ့တယ်။တရိပ်ရိပ်သွားနေတဲ့ ဘတ်စ်ကားပေါ်မှာ မှန်တံခါး က
နေ တဆင့်အပြင်ဘက်ကို ငေးကြည့်ရင်း အသိစိတ် မ
ကပ်တဲ့ လူတယောက်လို ဘတ်ဟျွန်း ငြိမ်သက်နေ
သည် ။ နီရဲနေတဲ့ မျက်ဝန်းတွေက စီးကျလာတဲ့ မျက်
ရည်တွေကိုတောင် ဘတ်ဟျွန်း သတိထားပုံပေါ် မပေါ်
နိုင်အောင် အသက်မရှိသလို မျက်လုံးတွေနဲ့ လှုပ်ရှားမှု
မရှိ တိတ်ဆိတ်နေသည် ။