"၂နှစ်ကြာပြီးနောက် "
" တ တီ တီ " မြည်နေတဲ့ နှိုးစက်ကို မမှီမကမ်း အ
တင်းလှမ်းယူပြီး ပိတ်လိုက်ကာ အိပ်ယာထက် တချက်
လူးလိမ့်လိုက်သေးတယ် ။ ခေါင်းအထိ စောင်ကို ဆွဲ
ခြုံပစ်ကာ အသက်ရှူသံတိုးတိုးနဲ့ ပြန်လည်ငြိမ်သက်
သွား၏ ။ နာရီလက်တံတိုက ၆ဂဏန်းကို တိတိကျကျ
ညွှန်ပြနေပြီး လက်တံရှည်က ၁၂ဂဏန်းကို အတိအကျ၊
ဒီကောင်လေးက နှိုးစက်ကို ပိတ်ပြီး ထပ်အိပ်နေပြန်ပြီ။" ခြောက်နာရီကျော်နေပြီနော် မထသေးဘူးလား ။
မေမေ လာရိုက်နှိုးရမလား သားငယ်ရေ "တဒေါက်ဒေါက်တံခါးခေါက်သံပြင်းပြင်းနဲ့အတူ သူ တ
ချက်လူးလွန့်လာပြီး မျက်ခုံးတွေ တွန့်ချိုးလာကာ တ
ဖြေးဖြေးချင်း ပွင့်လာတော့၏ ။ လက်တွေကို ဆန့်တန်း
ကာ အပျင်းကြောဆန့်ကာ သမ်းဝေလိုက်သေးသည် ။
ကိုယ်ပေါ်က စောင်ကို ဖယ်ထုတ် ၊ ကန်ချပစ်လိုက်ကာ
မပွင့်တပွင့်မျက်လုံးမှေးမှေးတွေနဲ့ အိပ်ယာထက်မှာ
တင်ပျဉ်ခွေထိုင်ပြီး အိပ်ငိုက်နေသေးပြန်သည် ။" ထပ်ပြီး အလုပ်နောက်ကျချင်ပြန်ပြီလား !! "
မေမေ့ရဲ့အသံစူးစူးကြောင့် ဆတ်ခနဲ ကိုယ်တချက်တုန်
သွားတဲ့အထိ လန့်ဖြန့်သွားပြီးနောက် ဆံပင်တွေကြား
လက်ထည့်ကုတ်ကာ မပွင့်တပွင့်မျက်လုံးတွေနဲ့ အိပ်
ယာပေါ်က ခွာသည် ။ အိပ်မှုန်စုံမွှားနဲ့ ရေချိုးခန်းထဲကို
ဖင်ကုတ်ခေါင်းကုတ်နဲ့ ဝင်သွားတော့မှ အခန်းတံခါးနား
က ထွက်သွားတဲ့ မေမေ့ရဲ့ခြေသံကိုကြားလိုက်ရသည်။ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့နောက် စားပွဲပေါ်က
ဖုန်းကို ယူလိုက်ပြီး သီချင်းတပုဒ်ကို ရွေးချယ်ဖွင့်ပြီးမှ
သူ အဝတ်အစားတွေကို ထုတ်ယူလိုက်တယ် ။ သူ အ
ဝတ်အစားလဲ ပြင်ဆင်နေတုန်း Paul Kim ရဲ့ သီချင်း
အေးအေးဆွေးဆွေးလေးတွေက အခန်းထဲဝယ် ပျံ့ လွင့်
နေ၏ ။ဘတ်ဟျွန်းက အခုဆို တက္ကသိုလ်ကျောင်းသားလေး မ
ဟုတ်တော့ဘူး ။ လွန်ခဲ့တဲ့ တစ်လလောက်ကမှ ကုမ္ပဏီ
တခုမှာ အလုပ်စဝင်ခဲ့ပြီး အလုပ်ကြိုးစားနေတဲ့ ကောင်
လေးတယောက်ဖြစ်နေပြီ ။ အရင်တုန်းကအတိုင်း ဘတ်ဟျွန်းက မပြောင်းသေးတဲ့ ကောင်ငယ်လေးပါပဲ ။
ပြောင်းလဲသွားတာ တခုကတော့ သူက ကောင်းကောင်း
ကြီး မေ့ဖျောက်နိုင်ပြီး အဆင်ပြေနေတဲ့ အချိန်တခုကို
ရောက်နေပါပြီ ။ နှစ်,နှစ်ဆိုတဲ့ အချိန်ကာလက သူ့ အ
တွက် လုံလောက်ခဲ့ပါပြီ ။