ဒီနေ့ ကျွန်တော့်ကျောင်းအထိ မင်ဆော့နဲ့ဆယ်ဟွန်း တို့
ရောက်လာတယ် ။ မင်ဆော့က ကျွန်တော်နဲ့ တွေ့ချင်
တယ်ပြောလို့ ဆယ်ဟွန်းက လိုက်ပို့ခဲ့တာ ။ မင်ဆော့
စိတ်ဆိုးပြေဖို့အတွက် ဆယ်ဟွန်းက အခုချိန်မှာတော့
အကုန်လိုက်လုပ်ပေးနေမှာပဲ ။ဆယ်ဟွန်းက မင်ဆော့
ကို တော်တော်လေး ချစ်တာ ကျွန်တော်လဲ သိတယ် ။ဆယ်ဟွန်းက ကျွန်တော်ပြလိုက်တဲ့ ချန်းယောလ်တို့အ
ဖွဲ့ဓာက်ပုံကို သေသေချာချာ ကြည့်ပြီး နှာခေါင်းရှုံ့ ပြ
တယ် ။ သူတို့အဖွဲ့ထဲက အဲ့ဒီမိန်းကလေးကို ဆယ်ဟွန်း
က သိနေတာမို့ လက်ဖျောက်ထခေါက်ပြီး အားတက်
သရော စ,ရှင်းပြဖို့လုပ်တော့သည် ။" မင်နာယွန်းလေ (..) တက္ကသိုလ်က တယောက် "
" မင်းက ဘယ်လိုသိလဲ " လို့ မကြည့်အကြည့်နဲ့မေး
တော့ ဆယ်ဟွန်းက ရယ်ကြဲကြဲလုပ်ပြီး လက်တခါခါနဲ့
ရှင်းပြရသေးတယ် ။" အချစ်ကလဲ ကိုယ်သိတယ်ဆိုတာက အဲ့တယောက်ကို
ကိုယ့်အတန်းဖော် လီမင်းက ကြိုက်တာလေ ။ နောက်
တော့ အဲ့ကောင်မလေးက ချန်းယောလ်နဲ့ ဟိုလိုလိုဒီလို
လို ဆက်ဆံရေးတဲ့ ကိုယ့်ကို လီမင်း ပြောတာပဲ "" ဘတ်ဟျွန်းကို ဆေးထိုးပြန်ပြီ "
မင်ဆော့က ဆယ်ဟွန်းရဲ့နားရွက်ကို နာနာလေးဆွဲပစ်
ပြီး ဘတ်ဟျွန်းရဲ့အခြေအနေကို မေးငေါ့ပြလိုက်တယ်၊
ညိုးကျသွားတဲ့ မျက်နှာလေးနဲ့ ငူငူငိုင်ငိုင်လေး ထိုင်နေ
တဲ့ ဘတ်ဟျွန်းက ဖုန်းထဲက ဓာက်ပုံလေးကို နောက်
ထပ်တခါ ထပ်ငုံ့ကြည့်တယ် ။ ဘတ်ဟျွန်းကို ကြည့်ရ
တာ ငိုတော့မလိုလို အရိပ်အယောင်လေးမို့ မင်ဆော့.က အရိပ်အကဲမသိ ဇွတ်ပြောတတ်တဲ့ ဆယ်ဟွန်းကို
ထုရိုက်တော့သည် ။" သူတို့က ကြိုက်နေကြပြီလား တွဲနေကြတာလား "
" တွဲတဲ့အဆင့်တော့မဟုတ်သေးပါဘူး ဟိုလိုဒီလို.."
ဆယ်ဟွန်းမှာ ဘတ်ဟျွန်းကိုလဲကြည့် ၊ သူ့ကို ထုရိုက်
ဖို့ လက်တပြင်ပြင်ဖြစ်နေတဲ့ မင်ဆော့ရဲ့ရန်ကနေလဲ
လက်တွေကိုကာပြီး ကာကွယ်နေရသေးတယ် ။