တက္ကသိုလ်မှာဆိုရင်တော့ ချန်းယောလ်က အေးစက်
စက်နဲ့ သီးသန့်နေတတ်တဲ့ ကျောင်းသားမျိုးပဲ ။ အ
ပေါင်းအသင်းမရှိဘဲ ၊ စကားနည်းပြီး ၊ စာအုပ်တွေဖတ်
သီချင်းနားထောင်ရတာ ကြိုက်တဲ့ လူတယောက်လိုမျိုး။
စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ နတ်သားလေး
ဆိုတဲ့ နာမည်ပြောင်နဲ့ပဲ ချန်းယောလ်က လိုက်ဖက်
တယ် ။ ချန်းယောလ်က အနေအေးပေမဲ့ အများအား
ဖြင့် ကူညီပေးတတ်တယ် ။ ပါးချိုင့် နဲ့ ချန်းယောလ်က
ကြည့်ကောင်းတယ်လို့ ပြောကြပေမဲ့ တက္ကသိုလ်မှာ
တော့ မြင်ရခဲတယ် ။ခပ်လှမ်းလှမ်းက မြက်ခင်းစိမ်းမှာ တယောက်ထဲ ထိုင်
ပြီး စာအုပ်ဖတ်နေတဲ့ ချန်းယောလ်ကို ဆယ်ဟွန်း ကြည့်နေပြီး မျက်လုံးတွေ မှေးစင်းကာ ဘတ်ဟျွန်း အ
ကြောင်းလဲ စဉ်းစားမိသေးတယ် ။ သူ့နဘေးက ချစ်သူ
ကောင်လေးက ခပ်ဝေးဝေးက ပတ်ချန်းယောလ်ကို ဖုန်း
နဲ့ ဓာက်ပုံတပုံ လှမ်းရိုက်လိုက်တယ် ။မနာလိုဖို့ကောင်းတာမျိုး ဆယ်ဟွန်းတယောက် ချစ်ရသူ
ကို မျက်မှောင်ကြီး ကြုတ်ပြီး လှည့်ကြည့်ပစ်တယ် ။ ဒါ
ကို မသိတဲ့ မင်ဆော့ကတော့ ဘတ်ဟျွန်းဆီ ပုံပို့ပေး
ဖို့ ကြိုးစားနေလေ၏ ။ ဆယ်ဟွန်းမှာ ရင်နာနာနဲ့ ချစ်ရ
သူကြောင့် နှာခေါင်းရှုံ့ ပြလိုက်တယ် ။ဒီမှာ ကိုယ်တယောက်လုံးရှိတယ်လေ ကိုယ့်ကို ကြည့်ပါ
ဦး အချစ်ကလေးရဲ့ နော်. . . . . ။" မျက်နှာကြီး ပုပ်သိုးမနေနဲ့ ဆယ်ဟွန်းရဲ့! ဘတ်ဟျွန်းကို ကူညီကောင်းပါတယ်နော် သူက ဆယ်
ဟွန်းရဲ့ သူငယ်ချင်းကောင်းပဲမလား "မင်ဆော့မှာ သဝန်တိုတတ်လွန်းတဲ့ ချစ်ရသူကိုလဲချော့
မော့ပြောရသေးတယ် ။ ပြီးတော့ ဘတ်ဟျွန်းကိုလဲ ကူ
ညီချင်ပြီး အဆင်ပြေအောင် လုပ်ပေးချင်သေးတယ် ။" မသိဘူးကွာ......... သဘောပဲ "
" ဆယ်ဟွန်းကလဲ ဒီလိုကြီး စိတ်မကောက်စမ်းပါနဲ့!
ကျွန်တော်က ဘယ်လိုချော့ရမှန်း မသိဘူးနော် "" ဒီလိုဆို " မောင်" လို့ ခေါ်ကြည့် "
" ဆယ်ဟွန်းနော်! "
![](https://img.wattpad.com/cover/184480288-288-k241710.jpg)