ဘတ်ဟျွန်း ဒီနေ့ အတန်းဖော်သူငယ်ချင်းနဲ့အတူတူ
ကျောင်းလစ်ပြီး မြို့ထဲလျှောက်လည် ၊ အင်္ကျီတထည်
စီဝယ်ဖို့လဲ စိတ်ကူးထားကြတယ် ။ သူတို့ ကျောင်းယူနီ
ဖောင်းတွေနဲ့ပဲ ဘတ်စ်ကားပေါ်က ဆင်းလာကြပြီး
ဗိုက်ဖြည့်ကြဖို့ ဆိုင်လိုက်ရှာကြသည် ။ အတန်းလစ်လာ
တဲ့ ဘတ်ဟျွန်းက တော်တော်လေး အပျော်ကြီးပျော်
နေတဲ့ပုံပဲ ။ ဒီလိုမျိုး ကျောင်းလစ်ပြီး ယူနီးဖောင်းနဲ့ပဲ
လျှောက်သွားကြတာ ပျော်စရာကောင်းနေတယ်လေ ။" ဘတ်ဟျွန်း ငါတို့ ဒီဆိုင်မှာထိုင်ကြတယ် ဒီက အ
စားအသောက်တွေက အရသာမဆိုးဘူး "သူငယ်ချင်းကြောင့် ဘတ်ဟျွန်းတို့ ဒီဆိုင်လေးထဲပဲ ဝင်
ထိုင်လိုက်ကြတယ် ။ ကျောင်းယူနီဖောင်းတွေနဲ့ မြို့ထဲ
ရောက်လာပြီး လျှောက်သွားနေကြရတာက ရှက်စရာ
မကောင်းပါဘူး ။ ဒါက ပျော်စရာကောင်းတယ်လေ ။
ဆိုင်လေးက လူရှင်းနေတာတော့ သက်တောင့်သက်
သာနေနိုင်ပြီး နားလဲအေးတယ် ။" ဘတ်ဟျွန်း လာ ငါတို့ဓာက်ပုံရိုက်ကြရအောင် "
" တော်ပါကွာ ကျောင်းလစ်လာတာ ဂုဏ်ယူစရာမဟုတ်
ဘူးနော် ဗိုက်ဆာနေလို့ ငြိမ်ငြိမ်နေပါကွာ "အတန်းဖော်က သူ့ဘာသာ တယောက်ထဲ ဓာက်ပုံရိုက်
နေတာကို ဘတ်ဟျွန်း ဂရုမစိုက်နိုင်ဘူး ။ သူ ဗိုက်ဆာ
နေတာမို့ မှာစရာရှိတာကို အမြန်မှာနေလိုက်တယ် ။ ပြီး
ရင် သူတို့တွေ အင်္ကျီတထည်လောက် တူတူဝယ်ကြဦး
မယ် ။ မှာထားတဲ့ အစားအသောက်တွေကို စောင့်နေ
တုန်း ပျင်းပျင်းရိရိနဲ့ ဆိုင်ထဲက အပြင်အဆင်ကို လိုက်
ကြည့်နေလိုက်တယ် ။ဘာရယ်မဟုတ် ဆိုင်အဝကို လှည့်ကြည့်လိုက်တော့
တံခါးကို တွန်းဖွင့်လို့ ဝင်လာတဲ့ သူဟာ ဘတ်ဟျွန်းရဲ့
တယောက်သောသူဖြစ်နေခဲ့တော့၏ ။ ဝိုင်းစက်နေတဲ့
ဘတ်ဟျွန်းရဲ့ မျက်လုံးတွေနဲ့အတူ ဟဝိုင်းသွားတဲ့ နူတ်
ခမ်းလေး ။ သူ့ကိုယ်တခြမ်းပါ စောင်းသွားတဲ့အထိ သူ
ဆိုင်အဝကို အသည်းအသန်း ကြည့်နေတော့သည်။ကျောင်းမတက်ဘဲ ဒီကိုရောက်လာတဲ့ သူက ကျောင်း
ယူနီဖောင်းနဲ့မဟုတ်နေဘဲ အပြင်အဝတ်အစားနဲ့ ဖြစ်
နေခဲ့သည် ။ ကြည့်စမ်းပါဦး ကျွန်တော်တို့တွေ ဘယ်
လောက်ထိ တိုက်ဆိုင်လိုက်ကြသလဲ ။ ကျောင်းမတက်
ကြဘဲ ဒီလိုနေရာမှာ တူတူလာဆုံနေကြရတယ်လို့ ။
ယောလ်ရာ! ! ကျွန်တော်တော့ ပျော်လွန်းလို့ ထတောင်
အော်ပစ်ချင်မိတဲ့အထိပဲ ။