မနက်အစောပိုင်း ဆိုင်ဖွင့်စမို့ ဘယ်သူမှ မရှိချိန် ချန်း
ယောလ်ကတော့ စားပွဲပေါ် မေးတင်ကာ အားပျက်နေ
တဲ့ ပုံစံအနေအထားနှင့် အပြင်ဘက်ကို ငေးကြည့်ပြီး
တိတ်ဆိတ်ငြိမ်သက်နေတော့ ဂျုံအင်နဲ့ရှီးယောင်း တစ်
ယောက်နဲ့တယောက် မေးဆတ်ပြမိကြသည် ။ အခြား
ဝန်ထမ်းကောင်လေးတွေကို လိုအပ်တာတွေ ညွှန်ကြား
ရင်း သူတို့မှာ အလုပ်ကိုယ်စီရှိနေပေမဲ့ ချန်းယောလ်
ကတော့ မှိုင်တွေငေးမောကောင်းနေ၏ ။" အဲ့ဒီကောင် ဘာဖြစ်နေပြန်ပြီလဲ ဂျုံအင် "
" ညက အမူးလွန်ပြီး ဖုန်းဆက်မိလို့တဲ့ "
ရှီးယောင်းက တဟားဟား ထရယ်တော့ ချန်းယောလ်က
လှည့်မကြည့်ပေမဲ့ လက်သီးထောင်ပြလိုက်သေးတယ်။" ဟေ့ကောင် ဖုန်းဆက်မိတော့ကော ဘာဖြစ်လဲ ၊ မင်း
သတ္တိမရှိပုံကတော့ သောက်တာပဲ ကယ်တင်နိုင်တော့
မယ်ထင်တယ် ဟဟား "" သွားမရယ်နဲ့ ၊ အဲ့ကောင် ဖုန်းဆက်ပြီး အတည်ပေါက်
တွေ ဝန်ခံနေတာ ငါလဲ ဝင်မတားဘဲ ငြိမ်နေလိုက်တာ။
သူ့ဘာသာပြောပြီး ငိုလဲငိုနေသေးတယ် "" ပတ်ချန်းယောလ်က ငိုပြန်ပြီလား ၊ အဲ့ဒီကောင်က မူး
လာပြီဆို ' ဘတ်ဟျွန်းနီ ' လို့ တသသခေါ်ပြီး ငိုတော့
တာပဲ "အနီးကပ်ပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေမို့  ချန်း
ယောလ်အကြောင်း နှောကြေနေပါပြီ ။ဗြောင်ဘတ်ဟျွန်း
နဲ့ ပက်သတ်မိတဲ့နောက်ပိုင်း မူးလာရင် ငိုတယ် ။ပြီးရင်
မူးမူးရူးရူးနဲ့ Fb မှာ စာလုံးပေါင်းအမှားတွေနဲ့ စာတွေ
တင်မယ် ။ အဲ့ဒီနောက်မှာတော့ မူးပြီး မှောက်မယ် ။
သူတို့တွေလဲ ချန်းယောလ်နဲ့သောက်ရမှာကို တော်
တော်လေးသတိထားရပြီး ကြောက်နေရသည်။ဒီကောင့်
ကို လိုက်ထိန်းပေးနေရမှာတင် သောက်ထားသမျှ အ
ကုန် ကြက်ပျောက်ငှက်ပျောက် ပျောက်ရှကုန်ပါကော။အသံပေးလို့ ရွာချလာတဲ့ မိုးပေါက်တွေကြောင့် ထိုင်နေ
ရာကနေ ဝရုန်းသုန်းကား မတ်တပ်ထရပ်တဲ့ ချန်းယော
လ်ကြောင့် ထိုင်ခုံတောင် လဲပြိုတော့မတတ် ။ ဝန်ထမ်း
တယောက်ဆို လန့်ဖြန့်ပြီး ကိုင်ထားတဲ့ ဖန်ခွက်ကို
လွတ်ကျမိတော့မတတ် ဖြစ်ပျက်သွားရတယ် ။
