အဲ့ဒီ အချိန်ခဏလေးအတွင်း ကျွန်တော့်အတွက် အရာ
အားလုံးက အနှေးပြကွက်တခုလို သူ့ခြေလှမ်းတွေက
ကျွန်တော်ရှိရာဆီ တဖြေးဖြေးချင်း လှမ်းလာနေတယ်။ကျွန်တော် ထွက်ပြေးလာခဲ့မိတယ် ။ ဘာတွေလုပ်မိ
မှန်း မသိတော့အောင်ကျွန်တော် ပြေးထွက်လာမိတယ်၊
တက္ကစီကို ဘယ်ချိန်ကလှမ်းတားလိုက်မိမှန်းမသိ ၊ဘယ်
လိုလုပ် တက္ကစီပေါ်ကို ရောက်နေမှန်းမသိအောင် ကျွန်
တော် အတွက် အဖြစ်ပျက်တွေက မြန်ဆန်လွန်းခဲ့တယ်၊
နိမ့်ချည်မြင့်ချည်ဖြစ်နေကာ မောဟိုက်နေတဲ့ ရင်ဘတ် ၊
လက်သီးတွေကို တင်းတင်းဆုပ်ထားမိလိုက်တယ် ။
ပြည့်လျှံလာတဲ့ မျက်ရည်တွေကြောင့် ခုံကို မှီချလာ
ကာ မျက်လုံးအစုံကို ပိတ်ပစ်လိုက်တော့ ပူနွေးနွေး
မျက်ရည်တွေကို ခံစားလိုက်ရတယ် ။ထွက်ပြေးလာခဲ့တာ ။ ဟုတ်တယ် ကျွန်တော် သူ့ဆီက
နောက်ထပ်တကြိမ် ဝေးဝေးကို ထွက်ပြေးလာခဲ့မိတာ။
ဘာလို့လဲ ။ ကျွန်တော် အဆင်ပြေနေတော့မဲ့ အချိန်မှ၊
သိခဲ့လား ။ ကျွန်တော့်အတွက် ဘယ်လောက်ခက်ခဲခဲ့
သလဲဆိုတာကို ။အဲ့ဒီကျောင်းယူနီဖောင်းနဲ့ ကျောင်းသားတွေကို မြင်တိုင်း၊
ဂစ်တာတီးနေတဲ့ လူတွေကိုမြင်တိုင်း ၊ ကျွန်တော့်စားပွဲ
အံဆွဲထဲက ထီးအနက်လေးကိုမြင်တိုင်း ၊ ကျွန်တော် အ
ဝေးဆုံးကို ဘယ်လောက်အထိ ပြေးထွက်ခဲ့ရသလဲ ။
ယုတ်စွအဆုံး နားထောင်မိတဲ့ သီချင်းတွေမှာတောင်
သူ ရှိနေတာ ။ ဒီဒဏ်ရာတွေ တော်တော်များများအထိ
နက်ခဲ့တာ ။ ကျွန်တော့်အတွက် မလွယ်ခဲ့ဘူး ။ကျေးဇူးပြုပြီး ဝေးဝေးကိုသွားပေးပါ ။ ဒီနေ့ မြင်ခဲ့တာကို
ကျွန်တော်က မမြင်ချင်ယောင်ဟန်ဆောင်ပေးမှာမို့ ။
ကျွန်တော်နဲ့ အဝေးဆုံးကို ထွက်သွားပေးစမ်းပါ ။ထိုးရပ်သွားတဲ့ တက္ကစီပေါ်ကနေ လေးကန်တဲ့ခြေလှမ်း
တွေနဲ့ သူ အိမ်ကို လမ်းလျှောက်လာခဲ့တယ် ။ အသက်
မပါတဲ့ မျက်ဝန်းတွေက မျက်ရည်တွေ စီးကျနေတယ်။
ကျွန်တော် ကြောက်တယ် ချန်းယောလ်။ ကျွန်တော်လေ
ချန်းယောလ်ကို မမေ့ပစ်နိုင်မှာ အရမ်းကြောက်တယ်။
ဒီနှလုံးသားက နောက်ထပ်တကြိမ် စုတ်ပြတ်သွားဖို့ ထပ်
ပြီး ခံနိုင်ရည်မရှိတော့ဘူး ။