ကမ္ဘာကြီးပြောင်းလဲသွားရင်တောင် ကိုယ်က မပြောင်း
လဲနိုင်ပါဘူးလ်ို့ ကတိပေးနိုင်ပါတယ် ။ဘယ်တော့မှ မပြီးဆုံးမဲ့ ပုံပြင်လေးတပုဒ် ဖြစ်လာနိုင်ပါ
တယ် ။ လှပပြီးတောက်ပတဲ့ ပုံပြင်လေးအဖြစ် ။------------------
ညနေငါးနာရီလောက် ဘတ်ဟျွန်းရဲ့အိမ်ရှေ့မှာ ကား
လေးက ထိုးရပ်ခဲ့သည် ။ နှစ်ယောက်သား ကားပေါ်က
ဆင်းလာကြတော့ ဘတ်ဟျွန်းရဲ့လက်ထဲမှာ အဖြူ
ရောင်ပန်းပွင့်သေးသေးလေးတွေ ပွင့်နေတဲ့ ပန်းအိုး
လေးကရှိနေသည် ။ လက်နှစ်ဖက်စလုံးနဲ့ အသေအချာ
ကိုင်ထားပြီး မျက်နှာချင်းဆိုင်မှာ အပြုံးလေးနဲ့အတူ
မတ်တပ်လေးရပ်နေသေးတယ် ။ အိမ်ထဲကိုတောင် မ
ဝင်ခိုင်းစေချင်တော့တဲ့အထိ ချန်းယောလ် လောဘကြီး
မိသည် ။" ဒီပန်းပင်လေးကို တကယ်စိုက်မလို့လား ဘတ်ဟျွန်းနီက "
" အင်း အခန်းထဲမှာ စိုက်ထားမယ်လေ ကျွန်တော်
ပန်းပင်စိုက်တတ်ပါတယ်နော် အထင်မသေးပါနဲ့ "ချန်းယောလ်က ခပ်တိုးတိုးရယ်လို့ ဘတ်ဟျွန်းရဲ့လက်
ထဲက ပန်းပွင့်ဖြူဖြူသေးသေးလေးတွေကို လက်နဲ့ အ
သာထိတွေ့လိုက်တယ် ။ ဒီပန်းပင်လေးက ဘတ်ဟျွန်းနီ
ရဲ့ရဲ့လက်ထဲမှာ လှလှပပကြီးထွားလာမှာပါ ။" ဝင်တော့လေ ကိုယ် အိမ်ရောက်ရင် စာပို့လိုက်မယ် ။
နားလိုက်ဦး တနေ့ကုန်လျှောက်သွားထားတာ "" အင်း ဝင်တော့မယ်နော် ဂရုစိုက်ပြန်ချန်းယောလ် "
အနားတိုးကပ်လို့ နဖူးပေါ် အနမ်းဖွဖွပေးတော့ မျက်လုံး
လေးတွေ စုံမှိတ်ကာနူတ်ခမ်းတွေက ပြုံးရိပ်သန်းလေ၏၊"ဝင်တော့နော်"
ပန်းအိုးလေးကို သေချာပိုက်ပွေ့ပြီး အိမ်ထဲဝင်သွားတဲ့
ဘတ်ဟျွန်းကို မြင်ကွင်းထဲက ပျောက်ကွယ်သွားတဲ့အ
ထိ ကြည့်ပြီးမှ ချန်းယောလ် ကားပေါ်တက်လိုက်တယ်၊
သူ့ဖုန်းမျက်နှာပြင်ပေါ်က ဘတ်ဟျွန်းနီရဲ့ အပြုံးလေးက
တောက်တောက်ပပနဲ့မို့ ချန်းယောလ် လိုက်ပါပြုံးမိ၏ ။