ငါ့နှလုံးသားတစ်ခုလုံး ပေါက်ကွဲထွက်တော့မယ်ထင်
တယ် ။ ဒီလို ကိုးရို့ ကားယားဖြစ်နေတာလဲ အချစ်
ဆိုတာလား ♥SWEET MEMORIES WITH HIM
" SWEET "
ရက်သတ္တပတ်တခု၏ ပိတ်ရက်။ ကြည်လင်နေတဲ့ ရာ
သီဥတုကြောင့် စိတ်ပါရွှင်မြူးပြီး တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းရှိနေတယ် ။ ပိတ်ရက်အချိန်အခါ
မို့ အိပ်ရေးလဲဝနေပြီး သူငယ်ချင်းနဲ့ပါတွေ့ဖို့ ချိန်းထား
တာမို့ အပြင်ထွက်လာခဲ့လိုက်သည် ။ ရှူးဖိနပ်ကြိုးကို
သေချာပြင်ချည်လိုက်ပြီး ထိုးဆိုက်လာတဲ့ ဘတ်စ်ကား
ပေါ် ပြေးတက်လိုက်မိထဲက လုံးဝကိုကံဆိုးတော့တာပဲ။
ထိုင်ခုံမရလို့ မတ်တပ်ရပ်စီးရတဲ့အပြင် တမှတ်တိုင်ပြီး
တမှတ်တိုင် ကြိတ်ကြိတ်တိုးတက်လာတဲ့ လူအုပ်
ကြောင့် လက်ကိုင်ကွင်းကိုသာ မိမိရရဖမ်းဆုပ်ကိုင်
ထားမိတော့သည် ။သွားပြီ ။ များလိုက်တဲ့ လူတွေ ပိတ်ရက်ကျမှ စုပြုံ
ပြီး အပြင်ထွက်လာကြတယ်လို့ ။လုံးဝကို လှုပ်မသာတဲ့အခြေအနေထိ ပြည့်ကြပ်သွားတဲ့
လူတွေ ။ နောက်တမှတ်တိုင်မှာသာ လူထပ်တင်ရင်
ကားဆရာကို ပြေးသတ်မိတော့မလားပဲ ။ လက်ကိုင်
ကွင်း တင်းတင်းဆုပ်ကိုင်ထားတဲ့လက်တွေလဲ နာလှပြီ။
ဒီနေ့မှ ထုတ်စီးလာတဲ့ ဖိနပ်ဖြူဖြူလေးဟာလဲ အနင်းခံ
ရလို့ အရောင်တောင်ပြောင်းချင်နေပြီ ။ကျောပိုးလွယ်အိတ်ထဲက မြည်လာတဲ့ ဖုန်းသံ ♪ ♪ ♪
အီးယား ဒါ ငါ့ဖုန်းပဲ ။ မလှုပ်သာတဲ့အခြေအနေမှာ
လွယ်အိတ်ထဲက ဖုန်းကိုထုတ်ယူဖို့ မနည်းကြိုးစားနေရ
တဲ့အချိန် ။ ကျောကလွယ်အိတ်က ကိုယ့်နောက်မှာ မတ်တပ်ရပ်နေတဲ့လူ နဲ့ ကိုယ်ကြား ညှပ်နေတာကြောင့်
အံကြိတ်ပြီးကို ဆွဲထုတ်နေရတယ် ။