အရမ်းချစ်တာမို့ ချစ်တယ်ဆိုတဲ့ စကားနဲ့တောင် မလုံ
လောက်တာမို့ ကိုယ် ဘယ်လိုစကားမျိုးနဲ့ ပုံဖော်ပြော
နိုင်ဦးမလဲ ။----------------
" ကျွန်တော် ချန်းယောလ်ကို ချစ်တယ် " တဲ့ အဲ့ဒီ
နောက် တိခနဲ ပြတ်တောက်သွားတဲ့ ဖုန်းလိုင်းလေး ။
ချန်းယောလ် ပြာယာခတ်သွားပြီး အသည်းအသန် ဖုန်းနံပါတ်လေးကို ပြန်ခေါ်ပေမဲ့ အဆက်အသွယ်မရ
တော့ဘူး ။ ပြောစရာရှိတယ်ဆိုတဲ့ အသံတိုးတိုးစကား
လေးနောက်မှာ မျှော်လင့်နေတဲ့ ဒီစကားလေး ကြားရ
လိမ့်မယ်လို့ မထင်ထားခဲ့ဘူး ။ ဘတ်ဟျွန်းနီက ကိုယ့်
ကို ရုတ်တရတ်ကြီး ရင်တွေ ခုန်လာအောင် လုပ်ထား
ခဲ့တာ ။ ပြန်လည်ဆက်သွယ်လို့ မရသေးတဲ့ ဖုန်းလေး
ကိုကိုင်ပြီး ချန်းယောလ် ဘာလုပ်လို့ ဘာကိုင်ရမှန်း မ
သိတော့ ။ အဲ့ဒီအသံလေး နဲ့ အဲ့ဒီစကားကို ကိုယ့်အ
တွက် နောက်တခေါက်လောက်များ ထပ်ပြောပေးနိုင်
ဦးမလားဟင် ဘတ်ဟျွန်းနီ ။ချန်းယောလ်တယောက် လက်တွေက အဆက်မပြတ်
လှုပ်ရှားရင်း ဘတ်ဟျွန်းဆီ စာတွေ တစောင်ပြီးတစောင်
ပို့ရင်း တုန်ရီနေတဲ့သူ့လက်တွေက စာတွေတောင် အ
မှားတွေ ဖြစ်စေတဲ့အထိပဲ ။ ဘတ်ဟျွန်းဆီက ပြန်စာ
ကို စောင့်ရင်း ဆိုင်အပြင်ဘက်မှာ ခေါက်တုံ့ခေါက်ပြန်
လမ်းလျှောက်ကာ နေမထိထိုင်မသာ ပြာယာခတ်နေ
တော့သည် ။✉ ဘတ်ဟျွန်းနီ! တကယ်ပဲ ကိုယ့်ကို အဖြေပေးလိုက်
တာလားဟင် ✉✉ ကိုယ့်ကို ဖြေပေးပါ ကိုယ့် ကို စာပြန်ပေးပါနော် ✉
✉ အလေးမထားမိလို့ မကြားလိုက်တာမျိုး မဟုတ်ပါ
ဘူး ၊ ကိုယ် တခါလောက်ထပ်ပြီး ကြားချင်လို့ပါ ✉✉ နောက်တခေါက်လောက် ထပ်ကြားရအောင် ကိုယ်
ဘာလုပ်ရမလဲဟင် ✉အဆက်မပြတ် ဝင်ဝင်လာတဲ့ စာလေးတွေကို ဝင်ဖတ်
ရင်း ဘတ်ဟျွန်းမှာ မျက်ရည်တွေကြားထဲကနေ ပြုံးမိ
တယ် ။ လူရှင်းတဲ့ နေရာလေးမှာ တယောက်ထဲထိုင်
နေပြီး တအိအိပြိုဆင်းလာတဲ့ မျက်ရည်တွေနဲ့ သူ့ဆီ
က စာလေးတွေကိုဖွင့်ဖတ်ပြီးနောက် ဖုန်းလေးကို ရင်
မှာထည့်ပိုက်ကာ ခေါင်းငုံ့ကာ အသံထွက်တဲ့အထိ ငိုမိ
တော့သည် ။
