ချန်းယောလ်ဆီက စာဝင်လာခဲ့ပြီး ကျွန်တော် ဘယ်လို
စာပြန်ရမလဲဆိုတာ အတွေးတွေနဲ့တင် ပြယာခတ်နေပြီး
တယောက်ထဲ ယောက်ယှတ်ခတ်နေတော့သည် ။ ကျွန်
တော် သူ့ကို ဘယ်လိုလေး စာပြန်လိုက်သင့်လဲ ။ "
အင်း " လို့ပဲလား ။ မဖြစ်ဘူး ဒီတလုံးပဲ ပြောလိုက်ရင်
သူ ကျွန်တော့်ကို စကားဆက်ပြောလာဖို့ လမ်းစ မရှိ
တော့ဘူး ။ ဒီနားမှာတင် ရပ်တန့်သွားလိမ့်မယ် ။ကျွန်
တော် သူနဲ့ စကားတွေ ဆက်ပြောချင်သေးတယ်လေ ။ကျွန်တော် ဘယ်လို စာပြန်လိုက်သင့်သလဲတောင် မသိတော့ဘူး ။
ကျွန်တော့်ပုံစံက တစ်စက်ကလေး မှကို ဂနာ
မငြိမ်တော့ဘူး ။ ဒီလို ခံစားချက်ကို ကျွန်တော် ပျော်
တယ် ။ပြန်ပြောလိုက်စမ်းပါ တခုခုတော့ ကျွန်တော် သူ့ကို ပြန်
ပြောရမယ် ။ သူ ဒီလိုနဲ့ပဲ လိုင်းပေါ်က ဆင်းသွားရင်
ဘယ်လိုလုပ်မလဲ ။ ကျွန်တော် နှေးကွေးနေလို့မှ မရ
တော့တာ ။ စဉ်းစားစမ်းပါ တခုခုလောက်တော့ ။" ချန်းယောလ်ရဲ့ထီး ကျွန်တော့်ဆီ ပြန်ပါလာတယ်"
ကျွန်တော် ကျွန်တော် စာပြန်လိုက်နိုင်ပြီ ။ ဖုန်းကို ပစ်
ချပြီး အိပ်ယာပေါ်မှာ နှစ်ချက်လောက် ထခုန်ပစ်လိုက်
တယ် ။ ရင်တွေ အရမ်းခုန်ပြီး ဒီခံစားချက်က အမြန်ကြီး
ကို ကျွန်တော် ရောက်သွားရသလိုပဲ ။ တဒိတ်ဒိတ်နဲ့
အသံတွေကိုတောင် ကျွန်တော် ပြန်ကြားနေရတယ် ။သူ သူ ကျွန်တော့်ကို စာပြန်မှာလား ။ သူ ဘာပြန်ပြော
မလဲ ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ စကားဆက်ပြောနိုင်မှာ
လား ။ ကျွန်တော်ဖြင့် ယုံတောင် မယုံနိုင်သေးဘူး ။ဘတ်ဟျွန်းက ပစ်ချထားတဲ့ ဖုန်းကို လှမ်းကြည့်တယ်၊
သူ ချန်းယောလ်ဆီက စာထပ်လာမှာကို တအား မျှော်
လင့်နေပြီး နေမထိ ထိုင်မသာ ၊ ငိုတော့မလို မျက်နှာ
လေး ဖြစ်နေတယ် ။ " ကျေးဇူးပြုပြီး ကျွန်တော့်ကို စာ
ပြန်ပို့ပါ " လို့ သူ့ပါးစပ်ကနေ တီးတိုးလေး ရေရွတ်ဆု
တောင်းနေသေးတယ် ။ ပြီးတော့ တဖြေးဖြေးချင်း သူ့
မျက်ရည်တွေ ဝဲလာတက်ပြီး လက်နှစ်ဖက်ကို အချင်း
ချင်း ပွတ်သပ်နေတယ် ။ ဖုန်းလေးနဲ့ ခပ်ဝေးဝေးမှာ
ဒူးထောက်ကလေးထိုင်နေပြီး အော်ငိုပစ်တော့မဲ့
ကလေးငယ်လေးလို ။