ဒီတပါတ် ပိတ်ရက်မှာ ကျွန်တော် သူ့ကို တွေ့ရပြီ ။
စောစောရောက်နှင့်နေတတ်တဲ့သူက အဖွားတွေနဲ့အတူ
စကားပြောနေလေ့ရှိပြီး ရယ်မောနေတတ်၏ ။ ကျွန်
တော် ရောက်သွားတော့ သူက အရင်တပါတ်က ပျက်
ကွက်မိတဲ့အကြောင်း တောင်းပန်နေလေသည် ။ပြောပြချင်စမ်းသည် ။ သူ တောင်းပန်ရတဲ့အထဲ ကျွန်
တော်ပါ ပါနေသည်လို့ ။ သူ မလာခဲ့တဲ့အတွက် ဝမ်း
နည်းပြီး မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့တာ ကျွန်တော်ပါ ။"အဲ့ဒီနေ့ ကျွန်တော့်မေမေရဲ့မွေးနေ့ဖြစ်နေလို့ "
သူကပြုံးတယ် ။ထင်းထင်းရှင်းရှင်း ထွက်လာတဲ့ ပါးချိုင့်
က ကျွန်တော့်ရင်ကို တဒုန်းဒုန်း ခုန်စေသည် ။ မသိ
မသာ ခိုးကြည့်မိသည်က သူ့မျက်လုံးတွေက အစ ၊
ယောက်ျားဆန်ပြီး ကြည့်ကောင်းတဲ့ သူ့လက်ချောင်း
တွေ ၊ လက်သည်းခွံတွေအထိ ။" ဒါဆိုလဲ မင်းတို့နှစ်ယောက်အတူ သီချင်းဆိုပြပါဦး
နှစ်ယောက်အတူဆိုတာကို မကြားရတာ ကြာပြီ "" မင်းတို့နှစ်ယောက်အတူဆိုရင် ဘယ်လောက် လိုက်
ဖက်ညီသလဲ "အဖွားတို့ကို မျက်လုံးတွေ ပိတ်ကျသွားတဲ့အထိ ရယ်ပြ
လိုက်တဲ့ ဘတ်ဟျွန်းက သဘောကျခြင်းအပြည့်နှင့် ။
သူနဲ့ ကျွန်တော် လိုက်ဖက်ညီတယ်လို့ပြောကြရင် ကျွန်
တော် ဘယ်လောက်ထိ အပျော်လွန်သလဲဆိုတာ ပြော
တောင် မပြောပြတတ်တော့ဘူး ။ ဒါက ရင်ခုန်ဖို့လဲ
ကောင်းတယ် ဆိုတာ သူ မသိဘူးလား ။ကျွန်တော်တို့ နှစ်ယောက်အတူ သီချင်းတွဲဆိုကြသည်။
ဂစ်တာကြိုးတွေကို ထိခတ်နေတဲ့ သူ့လက်ချောင်းတွေ
ကိုသာ လိုက်ငေးမောကြည့်နေမိပြီး မဖုံးဖိနိုင်တဲ့ အပြုံး
တွေက ကျွန်တော့်နူတ်ခမ်းထက်မှာ ခိုတွဲနေလေသည်။ကျွန်တော်က သူနဲ့ပတ်သက်ရင် နည်းနည်းလေးတော့
ကံကောင်းပါတယ် ။သူနဲ့ကျွန်တော် လူကွဲသွားပြီးနောက် မတွေ့ဖြစ်တော့
ဘူး ။ ကျွန်တော်က အဖွားတွေ ရယ်အောင် ဟာသတွေ
ပြောပြီး ရယ်စရာလေးတွေ လုပ်ပြနေတဲ့ အချိန်မှာ သူ
က ဘယ်ရောက်နေလဲ ကျွန်တော် မသိဘူး ။ သူနဲ့တွေ့
ရင် ထီးကို သေချာပေါက် ပြန်ပေးရမည် ။ သူကရော
ထီးအသစ်တချောင်း ထပ်ဝယ်လိုက်ပြီလား မသိဘူး။
![](https://img.wattpad.com/cover/184480288-288-k241710.jpg)