အချိန်အားဖြင့် ၈နာရီ လောက် ဖြစ်နေလိမ့်မယ်။ ခြံ အ
ပြင်ဘက်ကနေ ခြံဝန်းထဲက နှစ်ထပ်အိမ်လေးရဲ့ မီး အ
လင်းရောင်ကို ချန်းယောလ် ငေးကြည့်ရင်း သူ့လက်ထဲ
မှာ သူ့ဖုန်းကို ဆုပ်ကိုင်ထားတယ် ။ ဒီအချိန်ထိ ချန်း
ယောလ်က ကျောင်းယူနီဖောင်းနဲ့ပဲ အိမ်ကိုတောင် ပြန်
ဖို့ မကြိုးစားပေမဲ့ ဘတ်ဟျွန်းရဲ့အိမ်ရှေ့မှာ ခြေစုံရပ်နေ
ခဲ့တာ တော်တော်လေးကြာနေခဲ့ပြီ ။သူ ဝင်ကြည့်လို့ မရတော့တဲ့ ဘတ်ဟျွန်းနီရဲ့ အကောင့်
လေး ရှိနေခဲ့တယ် ။ သူ အမြဲတမ်း ညတိုင်းပဲ ဝင်ကြည့်
တတ်ပြီး ၊ ပြုံးနေခဲ့မိတဲ့ အကောင့်လေးကို အခုတော့ သူ ဝင်ကြည့်လို့မရနိုင်တော့ဘူး။ဘာလို့လဲ ဘတ်ဟျွန်းနီ
ဘတ်ဟျွန်းနီများ လာလေမလားလို့ ပိတ်ရက်တိုင်း
စောင့်နေခဲ့ပေမဲ့ ၊ အခုတော့ သုံးပါတ်တိတိဖြစ်နေပြီ ။အဲ့ဒီနေ့က မိုးမိခဲ့တယ်လေ ။ အခုထိ အများကြီး နေမ
ကောင်းဖြစ်နေတုန်းလား ။ ဘယ်လိုလုပ်မှ ထီးမေ့တတ်
တဲ့ အကျင့်လေးကိုပြင်ပေးတော့မှာလဲ ။ အဲ့ဒီနေ့က
ကားပေါ်မှာ ဘတ်ဟျွန်းနီနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆုံ
ခဲ့ရတော့ ဘယ်လောက်ထိ ပျော်ခဲ့မိသလဲဆိုတာ အဲ့ဒီ
နေ့က ထိန်းမရနိုင်အောင် ပြုံးပျော်နေတဲ့မျက်နှာကို မှတ်
မိလား ။ ကိုယ့်သူငယ်ချင်းတွေဆီကနေ အစအနောက်
တွေ အများကြီးခံရခဲ့ပြီး ၊ ကိုယ်တခြမ်းစောင်းထိုင်ပြီး
ဘတ်ဟျွန်းနီကို ခိုးကြည့်ခဲ့သေးတယ် ။နောက်ဆုံးနားက ခုံမှာ နားကြပ်တပ်ထားပြီး သီချင်း နား
ထောင်နေတဲ့ ဘတ်ဟျွန်းနီက မျက်နှာလေး မရွှင်မလန်း
လေးဖြစ်နေတယ် ။ အဲ့ဒီနေ့က ကိုယ် သတ္တိမွေးခဲ့တယ်။
ဒီနေ့မှ မဟုတ်ရင် မဖြစ်တော့တဲ့အတိုင်း ဖွင့်ပြောဖို့ သတ္တိမွေးခဲ့သေးတယ် ။မိုးရွာနေတဲ့ အချိန်မှ ကားပေါ်က ဆင်းဖို့မတ်တပ်ထရပ်
တဲ့ ဘတ်ဟျွန်းနီက ထီးပါပုံမပေါ်တာကြောင့် အမြန်အ
ဆန်ပဲ လွယ်အိတ်ထဲက ထီးကိုထုတ်လိုက်ပေမဲ့ ပြေး
ဆင်းသွားတဲ့ ဘတ်ဟျွန်းနီကြောင့် ကြောင်အသွားခဲ့
တာတော့ အမှန်ပဲ ။